Part 13

70 2 0
                                    


အခုဆို မောင့် ဆီက Win ထွက်လာတာ ၁လ ပြည့်တော့မည်။ မောင် အတော်ပြောင်းလဲသွားသည့်ပင်။ Pam ဆိုသည့် မိန်းကလေးနှင့် လက်ထပ်မည့် အကြောင်းပင် သတင်းစာထဲ ပါလာခဲ့လေပြီ။ သတင်းစာကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း Win မျက်ဝန်းအိမ်မှာ မျက်ရည်တွေ စီးကျလာရလေသည်။

ရက်စက်တယ် မောင်။ ချစ်လှပါရဲ့ ဆိုသည့် မောင်က ဒီကနေ့ သူ့ရဲ့ လက်ထပ်ထိမ်းမြှားမည့်ရက်ကို အတိအလင်း သတင်းစာထဲ ထည့်ကြေငြာခဲ့သည်တဲ့လား။

ဒါဆို သစ္စာမရှိသည့် လူတစ်ယောက်အတွက် Win အသက်ကို ပေးလိုက်ရဖို့ အထိ တန်ရဲ့လား။  Win အချစ်ကို အမျိုးမျိုး စော်ကားသည့် မောင့်ကို ဒီတစ်ခါတော့ ကျောခိုင်းပါရစေ။

"တောက်"

Mickmeats တစ်ယောက် အစ်ကို ဖြစ်သူ အတွက် ခံပြင်းဒေါသဖြစ်နေမိလေသည်။ ဘေးနားမှာ မိခင် ရှိနေသည့်ကိုပင် သတိမထားနိုင်လောက်အောင် အံ့ကို ခပ်တင်းတင်းကြိတ်ပြီး

"အစ်ကို မင်း ဆုံးဖြတ်၊ အခု ဘာလုပ်မှာလဲ၊ မင်း အဲ့ကောင်ကို အပြတ်ဖြတ်မှာလား၊ ငါ သွားသတ်ရမှာလား"

"သားငယ်"

Wmom သားဖြစ်သူ၏ ဒေါသကို သိနေသူ ပီပီ လှန့်ဟန့်နေမိလေသည်။ သားကြီး ဖြစ်သူကိုတော့ ရင်ခွင်ထဲ ထွေ့ပွေ့ရင်း

"ငိုချင် ငိုချလိုက် သား"

နာကျင်နေပါပြီ။ နှလုံးသားလေး။ နာကျင်ရပါ များခဲ့ရ၍ Win နှလုံးသားတွေ ခံနိုင်ရည်မရှိတော့ရိုး အမှန်။ထိုကြောင့် သူ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချပြီး

"အမေ  သား ဘန်ကောက်မှာ သွားနေချင်တယ်၊ ဘန်ကောက်က ဖေဖေရဲ့ ကျန်ရှိခဲ့တဲ့ လုပ်ငန်းတွေကို ဦးစီးပြီး စီးပွားရေး နယ်ပယ်တစ်ခုမှာ သား စိတ်ကို တည်ငြိမ်အောင် ထားချင်တယ်၊ ဒါမှ သူ့ကို မေ့လို့ရမှာ"

Mick အစ်ကိုဖြစ်သူကို ကြည့်ကာ သက်မနွေးနွေးကို ရှိုက်လိုက်ပြီး

"အစ်ကို အဆင်ပြေမယ်ဆို ကျွန်တော်စီစဉ်ပေးပါမယ်"

Mick စကားအဆုံးတွင် Win ညီ ဖြစ်သူကို မျက်ရည်တွေ အိုင်နေသော မျက်ဝန်းများဖြင့် ကြည့်ပြီး

မောင့်မူပိုင်ရှင်Where stories live. Discover now