Part 11

65 4 1
                                    


Win နှင့် Bright ပြသနာတွေ ဖြစ်ပြီးကတည်းက စကားသိပ်မပြောဖြစ်ခဲ့ကြပေ။ Bright ကလည်း သူအပြစ်နှင့် သူမို့ Winကို ခပ်ငေးငေးလေးကြည့်နေရုံမှ လွှဲ၍ သူ့ ဘာတစ်ခုမှ မတက်နိုင်ပေ။

Bright တစ်ယောက် အလုပ်ကိုလဲ မသွားဖြစ်သလို ထင်ရာစိုင်းပြီး လုပ်ချင်ရာလုပ်မည့်ဟု ကြွေးကြော်ထားသော Win အနားမှ တစ်စက်ကလေးပင် မခွာမိပေ။ အနားကပ်ပြီး နေဖြစ်လာဆိုတော့လည်း မနေဖြစ်ပေ။ ခပ်လှမ်းလှမ်းမှ နေ၍ သူ့ရဲ့ အရိပ်အခြေကို ငေးကြည့်ရတာလဲ အမော။

ဟူး~~~တကယ်ကိုမလွယ်တာပါ။

"အစ်ကိုရှိလား"

"ဟင် Mickmeats"

Mickmeats ခြံထဲဘယ်လိုရောက်လာလေသလဲ Bright မသိလိုက်ပေ။ ကိုယ့် အတွေးနှင့်ကိုယ် ပြာယာခက်နေသောကြောင့်ပင်။ (သူခိုးသာဆို သူ့လုပ်သွားပီ🙄)

"ဟာ ညီလေး"

အိမ်ရှေ့မှ အသံတွေ ကြားလိုက်ရသဖြင့် ဟင်းချက်နေရာမှ အပြင်ထွက်လာတော့ တွေ့လိုက်ရသော ညီဖြစ်သူကြောင့် အတိုင်းမသိ ကြည်နူးမိလေသည်။ မတွေ့ရသည့်မှာ ၄နှစ်မျှ ရှိပြီမဟုတ်လား။

"အမလေးဗျာ ကြည့်ကောင်းလာလိုက်တာ အရပ်အမောင်းက အစ၊ ငါ့ညီက တကယ် လူကြီးဖြစ်နေပြီပဲ"

ညီဖြစ်သူကို ပြေး၍ ပွေ့ဖက်ကာ ပြုံးရင်း စကားတွေ ပြောနေမိလေသည်။ Bright က‌တော့ ညီအကိုနှစ်ယောက်ကို ကြည့်ပြီး ယောင်ယောင်လေး ပြုံးနေမိလေသည်။

Mickmeats က‌တော့ အပြုံးအရယ်မရှိ။ Bright ကိုသာ စူးစူးစိုက်စိုက်ကြည့်ပြီး

"ကျွန်တော် အစ်ကို ကိုလာခေါ်တာ"

"ဟင်"

"ဘာကွ"

ညီဖြစ်သူ၏ စကားကြောင့် Win မျက်ဝန်းလေးဝိုင်းစက်သွားရသလို Bright သည်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားရလေသည်။ Mick ကတော့ သူ့လက်ကို ဆုတ်ကိုင်ထားသော အစ်ကိုဖြစ်သူ၏ လက်အား ပြန်လည် ဆုတ်ကိုင်လိုက်ပြီး

"မင်းဆီတော့ ခွင့်တောင်းမနေဘူး၊ ငါ့အစ်ကိုကို ငါ လာခေါ်တာ၊ သောက်ချိုးမပြေတဲ့ မင်းကြောင့် ငါ့ အစ်ကို သေမဲ့ အချိန်ကို ငါထိုင်ကြည့်မနေနိုင်ဘူး"

မောင့်မူပိုင်ရှင်Where stories live. Discover now