Part 2

596 6 2
                                    


"ကိုကို"

"ဟင် Pam"

သူရှိရာ စက်ရုံသို့ ရောက်လာသော Pam ‌ကြောင့် သူပင် အံ့သြသွားရလေသည်။

"ဘာလဲ ကိုကိုရာ၊ Pam လာတာကို ကိုကို က မလိုလားတာလား"

"ဟာ မဟုတ် မဟုတ်ပါဘူး ဘေဘီရာ၊ ထိုင်ဦး ကိုကို အအေးသွားယူပေးဦးမယ်"

နှုတ်ခမ်းဆူကာ ချွဲပြန်တော့ Bright ဆိုသော ကောင်က ဘာအသားနှင့် ထုထားတာမို့လို့လဲ။  နူးညံ့ပျော့ပျောင်းရပြန်တာပေါ့။

"ဟီး အဲ့ဒါကြောင့် ကိုကို ကို ချစ်တာ"

"ကိုကိုကလည်း ချစ်ပါတယ်တဲ့ ဗျာ"

ရုံးခန်းထဲမှာ မိုးမမြင် လေမမြင် ကြည်နူးနေကြသူ နှစ်ဦးကို ကြည့်ပြီး Win သူ့ဆီ လာခဲ့သည့်က မှားပြီဆိုတာကို ကောင်းစွာ နားလည်လိုက်လေသည်။ သူတို့ကို ကြည့်ပြီး နာကျင်စူးရှလာသော စိတ်ခံစားချက်ကို မြို့သိမ့်ပြီး နေရာမှ လှည့်ထွက်ခဲ့လိုက်လေသည်။   သူ့ရင်ထဲတွင်တော့ နာကျင်ခြင်း ဝေဒနာတွေက နင့်သီးစွာပင်။
                               🥀🥀🥀

"သား Win "

ယောက္ခမဖြစ်သူ၏ ခေါ်သံကြောင့် Win တွေးတောစဉ်းစားနေသော  အကြောင်းအရာတွေကို ရပ်တန့်ကာ 

"ဘာပြောချင်လို့လဲ အမေ"

Bmom ‌သားမက် ဖြစ်သူရဲ့ ဘေးတွင် ဝင်ထိုင်လိုက်ပြီး

"သားရဲ့ ခံစားချက်တွေကို အမေ ကောင်းကောင်းနားလည်ပါတယ်၊ သားbrightရဲ့ လုပ်ရပ်တွေကို အမေ လည်း မကြိုက်ပါဘူး"

Win မဲ့ပြုံးလေးပြုံးရင်း

"အမေလည်း တားမရခဲ့ဘူး မဟုတ်လား၊ သား နေရာမှာ အမေ ဝင်ခံစားကြည့်ပါ၊ ကိုယ့်ခင်ပွန်းက တခြားမိန်းမတစ်ယောက်နဲ့ လော်မော်ဖောက်ပြားနေတာကို သား သိသိကြီးနဲ့  သီးခံနေရတာ ဘယ်လောက်အထိ ဆိုးရွားနေလဲ ဆိုတာ"

"အမေ နားလည်ပါတယ်၊ ဒါပေမယ့် သားရယ် သားbrightက သူ့ရဲ့ ကလေးကို အရမ်းလိုချင်ခဲ့တာလေ၊ အဓိက ပြသနာက သားWinက ကလေးမရနိုင်တဲ့ အတွက်ကြောင့်ပဲ"

"အဟွန့်"

Win နာနာကျင်ကျင် ပြုံးလိုက်ပြီး

မောင့်မူပိုင်ရှင်Dove le storie prendono vita. Scoprilo ora