Untitled Part 128

997 155 4
                                    

အခန်း ၁၂၈ အရှက်ကွဲသွားတာထက် စာရင် သေသွားတာကမှ ပိုကောင်းဦးမယ်

"သူ့ပုံကို ကြည့်ဦး ကြည့်ဦး မျက်နှာကြီးက တိမ်ကင်းတဲ့ လကြီး ကျတာပဲ ကျွတ်ကျွတ်... ညက တစ်ခုခု တော့ တစ်ခုခုပဲ" ချန်ချောင်ယွီက ဝင်လာသည့် လီဖန်ကို ခေါင်းညိမ့် နှုတ်ဆက်ရင်း ပြောလိုက်သည်။

"ဟိတ်.. ကိုယ့် သိက္ခာလေး ဘာလေး ထိန်းဦးလေ" ကူရှန်းက မနေနိုင်ပဲ ဝင်ပြောတော့သည်။

"နင်လဲ ပြတ်လတ်နေတာပဲ၊ ကိုယ့်ဘာသာကိုယ်လဲ ယောက်ျားလေး တစ်ယောက်လောက် ရှာပါလား" ကျန်းဖေး မပြောမတတ်တာခြင်းကို သူ့ဆီကို ပစ်လွှတ်လိုက်သော ရာဇသတ်ကြီး စာအုပ်က သက်သေခံသွားသည်။

"ပစ်ချက်လေးက လှလိုက်တာ နောက်တစ်ချက်လောက်" လင်းပိုင်ကတော့ မီးလောင်ရာ လေပင့်ဆဲ။

ကွမ်ကျင်ကတော့ လက်သာ မြှောက်ထားလိုက်တော့သည်။ ဒီလို အရူးတစ်သိုက်နဲ့ အကြာကြီး နေရမှတော့ သူလဲ ပုံမှန် ဖြစ်နေပါဦးတော့မလား။

သိပ်မကြာခင်မှာပဲ လီဖန်ဝင်လာသည်။ "ဟိတ်၊ ဒီမှာ မင်းတို့ကောင်တွေ စောစောလိုချင်နေတဲ့ အစီရင်ခံစာ"

"ဖန်ဖန်၊ ဒီနေ့ ရာသီဥတုတွေ သာနေပါလား၊ သတင်းကောင်းလေးများရှိရင် မျှစမ်းပါဦး" တင်တင် ကလဲ ချက်ချင်းကို သတင်းနှိုက်ဖို့ ပြင်သည်။

လီဖန်က သူ(မ)ကို စိုက်ကြည့်ကာ "နင် ဒီလောက် အားနေရင် အလောင်းခွဲတာ လာကူပါလား။ လောင်ဝမ်တို့တွေ အလောင်းအသစ် ရလာတယ်လို့ ပြောနေတာ ကြားလိုက်တယ်။ လာရကြိုး နပ်မှာပါဟ"

တင်တင် ချက်ချင်းကို ဇာတ်ကလေး ပု ဝင်သွားသည်။

"လီဖန်၊ မင်း ဝိတ်တက်လာသလားလို့" ကူရှန်းက သေချာ ခြေစခေါင်းဆုံး ရှိုးနေပြနသ်ည်။

လီဖန်လဲ တွန့်ခနဲ ဖြစ်သွားကာ "အခုတလော စားကောင်းနေတာနဲ့ ပိုစားမိသွားတယ်ကွ"

XXXXXXXXXX

ဘာအမှုကြီး အကိုင်ကြီးမျှ မရှိသည့် အချိန်တွင် သူတို့အဖွဲ့က ထင်းတုံးကြီးတွေလိုမျိုး သူတို့ကို လိုအပ်သည့် နေရာတိုင်းမှာ သွား အထောက်အကူပြုပေးရသည်။ တစ်ခုသော နေ့လည်ခင်းတွင် ကွမ်ကျင်က မြို့နယ်အစပ်နားကို သွားရသည်။ လုပ်ရမည့် အလုပ်က ခပ်မြန်မြန်ပြီးသွားတာနှင့် သူ့ဘာသာသူပဲ အိမ်သို့ ပြန်သွားတော့သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now