အခန်း ၆၄ ညဥ့်ဇီးကွက် ၄

2.7K 560 8
                                    

Chapter 64 အခန်း ၆၄ ညဥ့်ဇီးကွက် ၎

ဒါကြီးလား စက်ချုပ်ဆိုင်? ကွမ်ကျင် လမ်းထောင့်လေးမှာ ရပ်ပြီးတော့ သဘာဝအရောင်အဖျော့ဖျော့ ဆိုင်းဘုတ်နှင့် ပန်းရောင်အပြင်အဆင်တွေကို တွေပြီး ကြည့်နေသည်။ သူ လှည့်တောင် ထွက်သွားချင်နေပြီ။ စီမွန့်ပုံစံကို အခြေခံပြီး ကွမ်ကျင့် ခေါင်းထဲ တွေးထားသမျှ ပုံစံစုံနှင့် မာဂရက် ဆိုသော အမျိုးသမီး နဲ့က ဒါနဲ့ လားလားမျှ မသက်ဆိုင် ဖြစ်နေသည်။

ပိတ်ထားသည် ဆိုသည့် စာတန်း ချိန်ထားသည့် တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တော့ တံခါးတွင် ချိတ်ဆွဲထားသည့် ဆွဲလဲ လေးက တချွင်ချွင် သံသာပေးလို့ သွားသည်။

ကွမ်ကျင် ဟိုကြည့် ဒီကြည့် ကြည့်လိုက်တော့လည်း ပိတ်စနှင့် အဝတ်များ နေရာစုံတွင် ချိတ်ဆွဲထားသည်က လွှဲလျှင် ဘာမှမရှိလှပဲ ဘယ်သူမျှလည်း ရှိမနေပေ။ လှေခါး ကျဉ်းကျဉ်းလေးကို မော့ကြည့် အပေါ်ကို တက်သွားလိုက်သည်။

သူ ဒုတိယထပ်ကို ရောက်ချိန်တွင်တော့ ကွမ်ကျင် နောက်ပြန်ဆုတ်မိရာက အောက်ထပ်ကို ဂျွန်းထိုးမှောက်ခုံ ပြန်ရောက်သွားလု နီးပါး ဖြစ်သွားသည်။ ဇာတွေ၊ ချည်တွေ၊ အစသွတ်ထားသော အရုပ်တွေ၊ အထပ်ထပ် ဂါဝန်တိုလေးတွေ (Tutu)၊ စိန်အတုတွေ ဆိုတာမှ ပန်းရောင်၊ အဝါရောင် အပြာရောင် စုံလို့ မျက်စိကျိန်းမတတ်ပင်။ မျက်စိစူးစရာ အရောင်စုံ အထပ်လိုက် နောက်မှ ကောင်တာရှည်ကြီး၏ နောက်တွင် အနားမှ ချိတ်ထားသော ဇာအကျီ တစ်ဝက်ဖုံးကာနေသည့် နေရာတွင် တစ်စုံတစ်ယောက် မတ်တပ်ရပ်နေတာကို ကွမ်ကျင် ရှာတွေ့သွားသည်။

“ဒီမှာ အလုပ်လုပ်တာလား မသိဘူး” ကွမ်ကျင်က ကောင်တာဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။

“အကျီ လိုချင်လို့လား။ ဆိုင်မဖွင့်သေးဘူး” ပြန်ဖြေသူက ဘောက်ဆတ်ဆတ်နှင့် သူတို့ကို တားဆီးထားသော အကျီကို ဘေးသို့ ရွေ့နေသည်။

ကွမ်ကျင်က ဖြည်းဖြည်းချင်း မော့ကြည့်တော့… ဟုတ်ပါတယ် မော့ကြည့်လိုက်တာ။ ကောင်တာအနောက်တွင် ထိုင်နေသော ခပ်ကြမ်းကြမ်း ရုပ်ရည်နှင့် လူ၏ အရပ်က နှစ်မီတာ (ခြောက်ပေ ငါးလက်မကျော်) အညိုရောင်ဆံပင် နှင့် မေးရိုးတွင်လဲ အမွေးငုတ်စိစိ ငုတ်စိစိများ ရှိနေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now