အခန်း၁၆ ပွဲဦးထွက် ၁၄

3.9K 795 11
                                    

အခန်း ၁၆ ပွဲဦးထွက် ၁၄

နံနက်ပိုင်း ကွမ်ကျင် ရဲစခန်းသို့ ရောက်သွားချိန်တွင် သူတို့ရုံးခန်းထဲတွင် တော်တော်လေး ထူးဆန်းနေတာကို သတိထားမိသညါ။

“သူတို့ကို မဖမ်းမိဘူးလား” ကွမ်ကျင်က သာမာန်ပဲ သူနှင့် ဘာမှ မဆိုင်သလို ပြောလေသည်။

ကျန်းဖေးက ကျလိကျလိ ဖြစ်နေဟန်ငြဖ့် သူ့လက်ထဲမှ မှတ်စုစာရွက်လေးတွေကို ပစ်ချကာ “ငါတို့ကြားထဲကို ဖြတ်လျှောက်သွားသလိုဟာကို အကုန်လုံးကို ဖမ်းမိတာပေါ့ကွ”

ကွမ်ကျင်က နည်းနည်းတော့ အံ့သြသွားသည် “မိတယ်လား? ဒါဆိုဘာလို့ မပျော်မရွှင် ဖြစ်နေတာလဲ”

“အဲဒိဘဲနာက လမ်းကြားထဲကို အရူးလို ဦးဆောင်ပြေးသွားတာ ငါတို့က သူတို့ကို တစ်ချက်တည်း ကွီခနဲ ဖမ်းရော၊ မထင်ထားတာက သူက သောက်ပါးစပ်ကို ပိတ်ထားတာ သောက်ရမ်းကောင်းနေတယ်လေ၊ တစ်ညလုံး ချော့မေး ခြောက်မေး လာဘ်ထိုးမေးတာတောင် ခေါင်းမာမာနဲ့ စကားပြောဖို့ ငြင်းတယ်ဟေ့၊ ဒါက တရုတ်တော်လှန်းရေး ကာလထဲမှာ ဆိုရင်တော့ ဒီငနာက အစ်မကျန်းရဲ့ ယောက်ျားလေးပုံစံပြောင်းတာလို့ ထင်မိမှာ ” တစ်ညလုံး မအိပ်လိုက်ရသည့် ချန်ချောင်ယွီက ခုံပေါ်ကို မှီလှဲရင်းနှင့် ငြီးငြူနေသည်။

“အစ်မကျန်းက ဘယ်သူလဲ” ကွမ်ကျင်က အရှက်မရှိ မေးပြန်သည်။

“အစ်မကျန်းက တော်လှန်ရေးတုန်းက အာဇာနည် သူရဲကောင်းလေ။ ရန်သူတွေ သူ့ကို ဖမ်းသွားတာတောင် သတင်းရအောင် နှိပ်စက်တောင် အသေပဲခံမယ် မပြောဘူး ဆိုတဲ့သူပေါ့” ကူရှန်းက စိတ်ရှည်လက်ရှည် ဝင်ရှင်းပြလေသည်။

“ကွမ်ကျင် မင်းက အတိတ်လေးပဲ မေ့သွားတာ မဟုတ်ဘူးလား? အထွေထွေ ဗဟုသုတနဲ့ သာမာန် အသိတရားတော့ မမေ့ပျောက်သင့်ဘူးလေ ဟုတ်တယ်မလား” ဝမ်ကျင်းဟန်က ရုတ်တရတ် ထပြောလိုက်သည်။ ဝမ်ကျင်းဟန်က ရုံးခန်းလေး၏ တံခါးဘောင်တွင် တစ်ချိန်လုံး မှီရပ်ကာ နားထောင်နေတာ ဖြစ်သည်။

ကွမ်ကျင်က သူပေါ်သွားတော့မလို ဖြစ်သွားတာကြောင့် တုန်တက်သွားပေမယ့် ဖြည်းဖြည်းချင်း မော့ကြည့်ကာ ဝမ်ကျင်းဟန်၏ အကြည့်နှင့် ရင်ဆိုင်လိုက်သည်။ “ဦးနှောက်ဆိုတာက ရုပ်ထွေးပွေလီတဲ့ အရာမလား ဘယ်သူက သိနိုင်မှာလဲ? ကျွန်တော်က ဘယ်တုန်းကမှ မသိတာ ဒါမှမဟုတ် မေ့သွားတာလဲ ဖြစ်နိုင်တာပဲဟာ”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now