အခန်း ၃၅ နတ်မိမယ်လေးများ သေဆုံးခြင်း ၁၅

3K 569 11
                                    

Chapter 35 အခန်း ၃၅ နတ်မိမယ်လေးများ သေဆုံးခြင်း ၁၅

နောက်တစ်နေ့တွင် ရုံးရောက်ရောက်ချင်း လုယွင်ယွမ်တစ်ယောက် သူ့ထိုင်ခုံတွင် ထိုင်နေသည်ကို ကွမ်ကျင် မြင်လိုက်ရသည်။

“ခင်ဗျား ထိုင်ခုံက ဟိုဘက်မှာ။ ဘာလို့ ကျွန်တော့ ထိုင်ခုံကြီး လာထိုင်နေတာလဲ” ကွမ်ကျင်က အဲဒိမှာတင် ထူးဆန်းတာကို တွေ့သွားသည်။ သူ မင်ယန်နှင့် ပြောဆိုဆက်ဆံနေချိန်ဆိုလျှင် နှစ်ယောက်လုံးထံ၌ ကိုယ်စီကိုယ်ငှ လျှို့ဝှက်အစီအစဉ်လေးတွေ ရှိနေကာ သူ့ခေါင်းအေးအေးထားနိုင်သည်။ ဒါပေမယ့် သူ လုယွင်ယွမကို မြင်လိုက်လျှင် တစ်ချက်တည်းနှင့်တောင် ဒေါသက ထွက်ထွက်လာတာ ဘာကြောင့်လဲ။

လုယွင်ယွမ်က သဘောမနောကောင်းစွာ သူ့ထိုင်ခုံတွင် သူ ရိုရိုကျိုးကျိုးလေး ပြန်ထိုင်ကာ ကွမ်ကျင့်လက်ထဲကို ကော်ဖီတစ်ခွက်တောင် လက်ထဲ ထည့်ပေးလိုက်သေးသည်။ “ဒီမှာ.. ဒီဆိုင်က လက်တေးကော်ဖီက တော်တော်ကောင်းတယ်”

ကွမ်ကျင်က သူ့ဆီတွင် အကြွေးကျန်ရစ်နေမည်ကို ပူမနေတော့ပဲ ဆတ်ခနဲ ဆွဲယူလိုက်သည်။ ဘာပဲ ဖြစ်ဖြစ်လေ ကွမ်ကျင်က သူ့အပေါ်မှာ အသက်ကယ်ပေးလို့ အကြွေးတင်နေသေးမှတော့ အခြားအကြွေးတွေ ထပ်တင်နေတာကို စိတ်ထဲ မထားတော့။

“ဒီရက်တွေမှာ တိုးတက်သေးလား”

ကွမ်ကျင်က မျက်မှောင်ကြုပ်သွားပြီး အချက်အလက်တွေကို ဖင်တစ်ပြန်ခေါင်းတစ်ပြန် ပြန်စစ်ကြည့်ပြီးတော့ “ရှိဘူး။ ဖော်ပြထားတာနဲက မကိုက်တဲ့သူတွေ အများကြီးပဲ။  ကိုက်တဲ့သူတွေ ကျတော့လဲ သေချာ စစ်ကြည့်တော့လဲ လိုက်သမျှက အကုန်လုံးက လက်ထပ်ပြီး ကလေးတွေနဲ့ ချည်းပဲ။ ဝန်ထမ်းမဟုတ်တဲ့သူ ကျတော့လဲ ရှာဖို့ တော်တော်လေးခက်တာ။ ကုမ္ပဏီကွဲတွေက ပို့လိုက်တာတွေ ချည်းပဲ ဆိုတော့ စစ်လို့ မပြီးသေးဘူး”

အလုပ်သမားများ၏ ဖိုင်များကို မကြည့်ရဖို့အရေးကို သူက တောင်းဆိုထားသည်။ ဘာလို့လဲ ဆိုတော့ အဲဒိ အသုံးမကျတဲ့ အချက်အလက်တွေ သူ့ရဲ့ အဖိုးတန်လှတဲ့ ဦးနှောက်ထဲက မှတ်ဥာဏ်လေးတွေထဲ ရောက်သွားမှာ သူမလိုလားဘူးလေ။ အဆုံးသတ်မှာတော့ ဝမ်ကျင်းဟန်က သနားကြင်နာစွာနှင့် သူ့ကို ရုံးပြန်သွားပြီးတော့ အချက်အလက်တွေ ထပ်ကြည့်ပြီး အကြံဥာဏ်အသစ်လေးများ ရနိုင်မလားဆိုတာ ရှာဖို့ ခွင့်ပြုလိုက်သည်။ တကယ်တော့ သူက အဲဒိအချက်အလက်တွေ အားလုံးကို အလွတ်ရနေပြီ ဖြစ်ကာ သူ နားမလည်တာ တစ်ခုပဲ ရှိသည်။ ဒီဟာတွေကို အကြိမ်နည်းနည်းလောက် ထပ်ကြည့်လိုက်တော့ရော ဘာတွေ ထွက်လာမှာ မို့လို့လဲ?

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now