အခန်း ၅၄ ကျောင်းတွင်းသံသယ ၁၆

2.4K 538 8
                                    

Chapter 54 အခန်း ၅၄ ကျောင်းတွင်းသံသယ ၁၆

လီချောင်း ပြန်သတိရလာသော်လည်း အနည်းငယ် လန့်နေတုန်းပင်။ ထို့ကြောင့် ထိုညက ဘာဖြစ်သွားသလဲ ဆိုသည်ကို အကြမ်းဖျင်းပြောပြနိုင်ပေမယ့် တန်ဖိုးရသောအချက်အလက်တွေတော့ မပေးစွမ်းနိုင်ပေ။

“ဒီလူသတ်သမားက တော်တော် တော်တာပဲ။ သူ့ကိုယ်သူ ပေါ်သွားစေမယ့် ဘယ်အရာကိုမှ ဖြစ်နိုင်ချေ ပေးမထားဘူး။ တစ်ချိန်လုံးကို မျက်နှာပြဖို့ အသာထား အသံတောင် မထွက်စေရဘူး” တင်တင်က ခါးသီးလှသော အပြုံးနှင့် ပြောလေသည်။

“လူသတ်သမားက ဒီတစ်ခါ မအောင်မြင်သွားဘူး ဒါပေမယ့် ဒါကလဲ သူ ဒီမှာတင် ရပ်သွားမယ်လို့ မဆိုလို ပြန်ဘူး။ လူသတ်သမားက အခြားပစ်မှတ်တစ်ခု ချပြီးလောက်ပြီ ဆိုတော့ ငါတို့က ကျန်တဲ့သူတွေကို အနီးကပ် သတိထားဖို့ လိုနေပြီ” ဟု ကွမ်ကျင်က ပြောလိုက်သည်။

“ဒီလူတွေထဲမှာ လူသတ်သမားတစ်ယောက် ရှိနေဖို့ ဆိုတာ တွေးကြည့်ဖို့ တော်တော်ခက်တာပဲ” လင်းပိုင်က ပွစိပွစိ ရေရွတ်နေသည်။ “ကူရှန်း အခြားသူတွေရဲ့ ဖုန်းမှတ်တမ်းတွေကို စစ်ကြည့်တော့ နိုင်ငံခြားရောက်နေတဲ့ ဝမ်ဝမ့်ကို ဘယ်သူ့မှ မဆက်သွယ်ကြဘူး။ အများသုံးဖုန်း တို့ အီးမေးတို့ အခြားနည်းတွေ သုံးလားတော့ မသိဘူး။ ကျောင်းက ကွန်ယက်ကို သုံးပြီးတော့ သူတို့ ကွန်ပျူတာထဲ ဝင်ကြည့်လို့တော့ ရတယ် ဒါပေမယ့် ဒါက အချိန်နည်းနည်း ယူရမှာဆိုတော့ သိုသိုဝှက်ဝှက်တော့ လုပ်မှရမယ်”

“ဒါ သူတို့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တာ မဟုတ်ဘူးလား” ကွမ်ကျင်က သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

“ငါက ဟက်ကာလေ”

“ဒါဆို မင်းလဲ ရာဇဝတ်သားပဲ”

“ဒါပေမယ့် ငါက အသွင်ပြောင်းရဲအရာရှိလေ”

“Whatever (ဘာပဲဖြစ်ဖြစ်)”

“ဝါး… မင်းအင်္ဂလိပ်စာက အတန်းလဲ တက်ပြီးရော တော်တော် တိုးတက်လာတာပဲကွ…”

XXXXXXXXX

ကွမ်ကျင်က သူ၏ အတန်းတက်သော နေ့စဉ်ဘဝကို ပြန်စပေမယ့် ချင်ရှောင်နှင့် ချန်ကျင်တို့ကို အကွက်တစ်ကွက်မှ လွတ်မသွားရအောင် အနီးကပ် စောင့်ကြည့်နေသည်။ ချင်ရှောင်က ခဏခဏ သူ့ အနားလာကပ်ကာ စကားပြောတာမျိုး မလုပ်တော့ပေမယ့် ရံဖန်ရံခါ အကြည့်ချင်းစုံသည့်အခါတွင်တော့ ကွမ်ကျင်တစ်ယောက် သူ့ကို ရိုက်ပစ်ချင်လောက်အောင် ထူးဆန်းလှသော အပြုံးပေးတတ်သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now