အပိုင်း ၄၉ ကျောင်းတွင်းသံသယ ၁၁

2.6K 606 25
                                    

Chapter 49 အပိုင်း ၄၉ ကျောင်းတွင်းသံသယ ၁၁

အရာအားလုံးက အကြောင်းမကြား ဘာမကြားနှင့် ဖြစ်ပျက်သွားခဲ့တာ ဖြစ်သည်။

ထန်ဇီယူနှင့် လူရှစ်ယောက်ပါသော အဖွဲ့က မှိန်းပိတ်အောင် မှောင်မိုက်လှသော ဓါတ်ခွဲခန်းအဆောင်ဟောင်းကြီးထဲကို ချွတ်နင်းဝင်ရောက်ခဲ့ ကြသည်။ သူ(မ)မှာလဲ အနည်းငယ်တော့ တုန်ရီနေသည်။ သူ(မ)က ဒီကလပ်ကို စူးစမ်းချင်စိတ်အပြည့်ကြောင့်သာ ဝင်ခဲ့တာ ဖြစ်ပေမယ့် ဒီလိုကြီး စူးစမ်းကြမယ်လို့တော့ မထင်ထားပေ။

“စီနီယာ ကအရမ်း ရဲတာဆိုတော့ အဖော် ထည့်မပေးတော့ဘူး။ နှစ်ယောက်တစ်တွဲ သွားရအောင်” ချန်ကျောင်ကျောင် က ဝမ်ဝမ်ကို လက်ပြကာ ပထမထပ်၏ အရှေ့ဖက်အခြမ်းကို ဝမ်ထျန်းဖုန် နှင့်အတူ ထွက်သွားကြသည်။

ထန်ဇီယူက အမြန် ဖန်ယုထျန် နောက်ကို အမီလိုက်ကာ အစောက သူတို့တိုင်ပင်ထားသည့်အတိုင်း ပထမထပ် အနောက်ဖက်အခြမ်းကို ထွက်သွားကြသည်။ ကောင်ယွမ်နှင့် လီချောင်းတို့ကတော့ ဒုတိယထပ် အရှေ့ဖက်အခြမ်းကို သွားကြကာ ချန်ကျင် နှင့် လုမင်မင်တို့ကတော့ ဒုတိယထပ် အနောက်ဖက်အခြမ်းကို သွားကြသည်။

ထန်ဇီယူ က ဖန်ယုထျန်နောက်ကနေ နီးနီးကပ်ကပ်လိုက်ကာ ကော်ရစ်တာ က ရုပ်တုများကို ဓါတ်ပုံတွေ ရိုက်နေသည်။ အမှောင်ထဲတွင် ကင်မရာမှ မီးရောင်သည်သာ တဖျတ်ဖျတ် လင်းလက်လို့ နေသည်။

“ဖန်ယုထျန် အပေါ်ထွက်သွားပြီး သူတို့ကိုရှာရအောင်” ထန်ဇီယူ က လောလိုက်သည်။

“သွားမယ်လေ” ဖန်ယုထျန်က ဓါတ်ပုံများ ရိုက်ပြီးတော့ လှေကားဆီသို့ ဦးတည်လျှောက်သွားကြသည်။

“အင်၊ ကျောင်ကျောင်က တကယ်လုပ်မှာလဲ။ သူ(မ) လန့်သွားရင် ဘယ်လို လုပ်မလဲ” ထန်ဇီယူက အားလုံး ပြောထားကြတာကို ပြန်စဉ်းစားမိတော့ သူ(မ) စိတ်တွေ ပူလာသည်။

“အပျော်လုပ်တာပဲဟာ။ သူကလဲ တကယ်ရဲတာပဲကို ပြီးတော့ သူပဲ တစ်ချိန်လုံး ငါတို့ သရဲတွေ ဘယ်လို ရှာမယ်ဆိုတာ ပြောနေတာပဲ မဟုတ်ဘူးလား ဘာမှ မဖြစ်ပါဘူးဟာ” ဖန်ယုထျန် က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now