အပိုင်း ၉ [Uni + Zaw]

Начните с самого начала
                                    

ဒီကမ္ဘာမှာ အဲရင်အဖြစ် ဘယ်လို ရှင်သန်ရမယ် ဆိုတာပဲ။

အခုအချိန် ငါဒီအမှန်တရားကြီးကို လက်မခံချင်ဘူး ဆိုရင်တောင် ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။

ရူးဘတ်နဲ့ လက်ထပ်လိုက်လို့ အရေးကြီးဆုံး ပြဿနာကတော့ ရှင်းသွားပြီ။ နောက်တစ်နှစ်နေလို့ ကွာရှင်းကြတာနဲ့ ကျန်တဲ့အကြွေးတွေကို ပြန်ဆပ်နိုင်ရမယ်။

အဲရင်က မူလဇာတ်ကြောင်းမှာ သေသွားခဲ့တယ်။ ခိုးလီကို ပြန်ပေးဆွဲ၊ ရူးဘတ်ကို အကျပ်ကိုင် ခြိမ်းခြောက်ပြီး ကွာရှင်းလိုက်ကြပြီးတဲ့ နောက်မှာ အကြွေးမဆပ်နိုင်လို့ ရောင်းစားခံလိုက်ရပြီး သေဆုံးသွားခဲ့တယ်။

ငါကတော့ ခိုးလီနဲ့ ရူးဘတ်နဲ့ ဆက်ဆံရေးကို မနာလိုဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့်လည်း ခိုးလီကို ပြန်ပေးဆွဲမှာ မဟုတ်သလို ရူးဘတ် ဘယ်လောက်ပဲ ဒေါသထွက်ထွက် သူ့ကိုလည်း အကျပ်ကိုင်မှာ မဟုတ်ဘူး။

ဒါဆိုရင် အားလုံး အဆင်ပြေသွားနိုင်မယ် မလား။

ငါ့ခေါင်းထဲမှာ ပေါ်လာနေတဲ့ ကြောက်စရာပုံရိပ်တွေကို ရှင်းထုတ်လိုက်ပြီး နောက်ဖြစ်လာမယ့် အနာဂတ် အကြောင်း တွေးလိုက်မိတယ်။

အဲရင်ကွာရှင်းပြီးတဲ့ နောက်မှာ ဆက်ပြီး အသက်ရှင်နိုင်ခဲ့ရင် ဘာဖြစ်မလဲ။

"ဟား။ ငါလည်းမသိတော့ဘူး"

ဒါပေါ့။ ငါ ဝတ္ထုကို ဖတ်ခဲ့လို့ ဘာဖြစ်မယ်ဆိုတာတွေ သိတော့ ငါအသုံးချနိုင်တဲ့ အရာတစ်ချို့တော့ရှိတယ်။ ဒါပေမဲ့ ပြဿနာတွေကို ပိုထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ဒီကမ္ဘာရဲ့အကြောင်းတွေ ဗဟုသုတရှိထားဖို့ လိုတယ်။

ငါက စာရင်းကိုင်ပညာကို အဓိက ယူထားတာ ဆိုတော့ ဒါကို ဘယ်လိုအသုံးချရမလဲ။

ကွာရှင်းပြီးနောက်ပိုင်း စရိတ်စကရခဲ့ရင်တောင် အဲ့ဒီငွေက အကြွေးဆပ်နိုင်ရုံပဲ။ ငါ့အနာဂတ်ကို အာမမခံနိုင်ဘူး။

ရိုးရိုးအထက်တန်းလွှာတွေက နောက်ထပ်လက်ထပ်ဖို့ ဆုံးဖြတ်ကြလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ အဲ့ဒီလိုလုပ်ဖို့ စိတ်ကူးမရှိဘူး။

အဓိကမင်းသားကို ငါမလိုဘူး [ဘာသာပြန်]Место, где живут истории. Откройте их для себя