Part Thirty-Nine (Unicode)

3.2K 218 104
                                    

"အွင့်! Malfoy...တော်တော့ဆိုနေ!"

"ဘာလို့? မင်းတစ်ကိုယ်လုံးက နမ်းချင်စရာလေ။ စကားများမနေနဲ့။ ထပ်နမ်းရအောင်။"

"ဟ့! တော်တော့ဆိုနေ! ကားထဲမှာဆိုတာ သတိရဦး!! ကလေးတွေနဲ့ Tom Riddle ဝင်လာရင် ခက်ဦးမယ်!"

"ခက်ပါစေပေါ့! သူတို့မြင်သွားလည်း ဘာဖြစ်တာမှတ်လို့!"

ဇိမ်ခံကားအနက်ကြီးထဲမှာ အချစ်စမ်းနေကြသူနှစ်ဦး။ ခပ်သွယ်သွယ်နှင့် လူရွယ်လေးတစ်ဦးသည် သူ့ထက်ထွားပုံရသည့် လူရွယ်၏ပေါင်ပေါ်မှာ ခွထိုင်လျက်နှင့် လူရွယ်၏ ငွေမှင်ရောင်ဆံနွယ်တွေကို သပ်ရင်း လူရွယ်၏ အနမ်းများကို တုံ့ပြန်နေသည်။ ပေါင်ပေါ်မှ လူရွယ်လေး၏ အနီဖျော့ဖျော့ ရှပ်လက်ရှည်လေးမှာ ကြယ်သီးတွေဖြုတ်နေရုံသာမက ပခုံးပေါ်ကနေတောင် လျှောချမတတ်ဖြစ်နေပြီး လှစ်ဟနေသည့် ညှပ်ရိုးလှလှလေးတွေနှင့် ရင်ဘက်လေးမှာလည်း အနီရဲရဲအမှတ်အသားတို့ဖြင့် ပြည့်နှက်နေသည်။

"ကလေးက ထပ်မရသေးဘူးလား? ငါတို့ညတိုင်းလုပ်...အ!"

"ကားထဲကနေ ပစ်ထုတ်မခံချင်ရင် ပိတ်ထားလိုက်! ပြီးတော့...ငါကဘာလဲ?! ကလေးမွေးစက်လား?! အားနေ မွေးနေရအောင်! လိုချင်နေရင်လည်း မင်းအလုပ်ခံပြီးမွေးလေ! နေရာပြောင်းကြမလား?"

ငွေမှင်ရောင်ဆံနွယ်နှင့် လူရွယ်သည် ကိုယ့်အမှားကိုယ်သိသွားပုံရပြီး ဘာမှ ဆက်မပြောတော့ပဲ လုပ်လက်စကိုသာ ဆက်သွားတော့သည်။

"တော်ပြီ....ကားထဲမှာတော့ မလုပ်ဘူးဆိုနေ!"

"ဒါမဲ့..."

"တိတ်စမ်း!!"

"အင်း..."

အငေါက်ခံလိုက်ရ၍ ပါးစပ်ပိတ်ပြီး နားရွက်ကုပ်သွားသည်က နှစ်ယောက်မရှိသည့် Malfoy သခင်လေး။ သူ့ကိုတောင်ငေါက်ရဲသည့် အာဏာကို ပိုင်ဆိုင်ထားသူက ဂုတ်ထောက်ရုံ ဆံနွယ်နက်နက်တွေကိုမှ အဖျားလေးတွေကို အနီရဲရဲတောက်နေအောင် ဆိုးထားသည့် ရွယ်တူလူရွယ်လေး။ Malfoy သခင်လေးကို ထိုလူရွယ်လေးသည် မထင်ထားနိုင်လောက်အောင် အနိုင်ယူနိုင်သည်မှာတော့ အံ့သြစရာမဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုလူရွယ်လေးမှာ Malfoy သခင်လေး၏ အသည်းအသက်လေးဖြစ်တာကြောင့်ပင်။

My Rival Becomes My Husband Where stories live. Discover now