Part Two (Unicode)

5K 576 164
                                    

Salisburyမြို့လယ်ရှိ အဆင့်မြင့်အိမ်ရာဝန်း၏ အိမ်ကြီးအိမ်ကောင်းတစ်အိမ် အရှေ့တွင် Harry Potterတစ်ယောက် ကျောပိုးအိတ်လေးလွယ်လျက် ရပ်နေသည်။

"ဒါကြီးက....ဟိုHarry Potterရဲ့ မွေးစားမိဘတွေ နေတဲ့အိမ်အသစ်ပေါ့။အေးလေ....အရင်က အိမ်စုတ်လေးကို။ဒီလူတွေ Malfoyဆီက အချီအကြီးကြီးရလိုက်တာပဲ။သေသွားတော့လည်း ဘာမှမပါသွားရှာဘူး။"

Malfoyစံအိမ်လောက် မခမ်းနားပေမဲ့ အတော်သင့်ကျယ်ဝန်းပြီး ခေတ်မှီသည့် အိမ်ကြီးကို Harryကြည့်လိုက်ရင်း ရေရွတ်သည်။

"Mr.Potter....မဝင်ဘူးလား?နေရမဲ့အိမ်ဆို။"

Zellaကမေးတာကို Harryက ပြန်ဖြေသည်။

"ဝင်ရအောင်...ငါ့မှာသော့မှ ပါမလာတာ။ဟိုအကောင် Malfoyကဆရာလုပ်တာကို မခံချင်လို့ သေချာနားမထောင်ပဲ ထွက်လာမိတဲ့ငါကိုကမှားတာ။"

"ဒါဆို....အခုဘာလုပ်ကြမလဲ?"

"အင်း....ဟိုHarry Potterရဲ့မှတ်ဉာဏ်အရ ဘဏ်ထဲမှာ Harry Potterနာမည်နဲ့ ငွေကျန်သေးတယ်။ဘဏ်မှာ ငွေအရင်သွားထုတ်ကြမယ်။ဘဏ်ကဘယ်မှာရှိတာပါလိမ့်?"

နေ့လည်စာအဖြစ် စားနေသည့် အသားညှပ်ပေါင်မုန့်ကို တစ်ကိုက်ကိုက်ရင်း ရေရွတ်သည့်Harryအား ဘေးကZellaက

"ဟိုလေ...Mr.Potter။ဒီခေတ်မှာ ဘဏ်အထိသွားပြီးငွေထုတ်စရာမလိုတော့ဘူး။ATMကနေ ထုတ်လို့ရနေပြီ။"

"ဟေ....ဟုတ်လား?"

Zellaကိုအံ့သြသလို ကြည့်လိုက်ပြီးမှ မူလပိုင်ရှင်၏မှတ်ဉာဏ်တွေကို ပြန်တွေးလိုက်မှ ATMအကြောင်း သတိရသွားသည်။

"ငါ့မှတ်ဉာဏ်တွေမဟုတ်တော့ ပြန်ပြန်တွေးရတယ်ဟ။စိတ်ညစ်တယ်။"

အဆင့်မြင်အိမ်ရာဝန်းထဲကနေ ပြန်ထွက်လာကြရင်း Harryက ပလက်ဖောင်းပေါ်မှာ လျှောက်နေရင်း ပြန်ပြောသည်။

"ထားပါ။Poundဘယ်လောက်လောက် ထုတ်မှာလဲ?Zellaထုတ်ပေးမယ်။Mr.Potterရဲ့ ပိုက်ဆံအိတ်ပေး..."

"Pound 3000လောက်ထုတ်လိုက်။ရော့...ဒီမှာ။"

Harryတစ်ယောက်သာ Zellaကိုတွေ့နိုင်၍ ပိုက်ဆံအိတ်ကြီးလေပေါ်ပျံနေတာကို တွေပြီးအင်တာနက်ပေါ်တင်လိုက်မှ ဒုက္ခရောက်မှာစိုးလို့ ZellaကATMစက်ရှိရာ၏ ဘေးလမ်းကြားထဲကို Harryကိုခေါ်သွားသည်။

My Rival Becomes My Husband Where stories live. Discover now