Part Four (Unicode)

4.3K 558 99
                                    

ကလေးတွေနဲ့ ဖြတ်သန်းရသည့် ပိတ်ရက်ညနေသည် Harryအဖို့ သာယာပြီးကြည်နူးမှုအတိပင်။တစ်စုံတစ်ယောက် ရောက်မလာခင်အထိပေါ့။

နေ့လည်က စားသောက်ပြီးအိပ်ပျော်နေသည့် ကလေး၃ယောက်သည် ညနေမှနိုးလာကြသည်။

ထိုအချိန်မှာ Harryသည် မီးဖိုခန်းထဲတွင် ဝယ်လာသည့် ဟင်းသီးဟင်းရွက်များအား လှီးဖြတ်နေသည်။အာလူးတွေကို ပါးပါးလှီးနေရင်း Harryမှာ ကလေးတွေအတွက် ချက်ပေးမည့်ညစာကို ရေရွတ်နေသည်။

"Madam Taylorသင်ပေးထားတဲ့ သက်သက်လွတ်လယ်သမားဟင်းရယ်၊အသီးအရွက်အသုပ်ရယ်၊ပြီးတော့ အချိုပွဲအနေနဲ့ ပူတင်းလေးလုပ်ရင်ကောင်းမလား?"

"Papa!!!"

ဟူသောအသံနှင့် မီးဖိုခန်းထဲပြေးဝင်လာကြသည့် အမွှာနှစ်ယောက်။

"နိုးလာပြီလား....သားတို့?"

"ညစာချက်နေတာလား?သားတို့ကူပေးရမလားဟင်?"

အလိုက်သိသည့် Scorpiusက Harryကိုမေးလာတော့ Harryကပခုံးတွန့်ပြရင်း

"သားတို့က ကူချင်လို့လား?ဒါပေမဲ့ ဒီအလုပ်တွေက..."

"ကူညီပေးချင်လို့ပါ။တူတူချက်ကြမယ်လေ။သားတို့က Papaနဲ့တူတူဟင်းချက်ကြည့်ချင်လို့..နော်...Albus။"

Scorpiusကသာ သာပြောနေတာ Albusမှာမျက်လုံးပင် သေချာမပွင့်သေးပုံ ပေါ်နေတာကြောင့် Scorpiusကအသာပခုံးနဲ့တိုက်ရင်း အသံမြှင့်ကာ နာမည်ကိုခေါ်လိုက်မှ Albusမှာလန့်နိုးလာပြီး ဘာမသိညာမသိနဲ့ထောက်ခံရှာသည်။

"ဗျာ...အင်း...ဟုတ်တယ်...Papa!!"

သူ့ကလေးနှစ်ယောက်ကို ကြည့်ရင်း Harryမှာရယ်က ကလေးတွေကိုအလုပ်ပေးလိုက်သည်။

"ဟုတ်ပါပြီ။ဒါဆို သားတို့က သစ်သီးတွေကို ရေဆေးပေးကြ။ညစာစားပြီး သစ်သီးစားချင်ရင် စားလို့ရအောင် ခွဲထားပေးမယ်။"

"ဟုတ်ကဲ့...Papa!!!"

Scorpiusမှာ မျက်လုံးပွတ်နေသည့်Albusကို ဘေစင်နားခေါ်သွားကာ ဘေစင်ကိုမှီအောင် ခုံပုလေးနှစ်ခုံကို ဆွဲလိုက်ရင်း သူရောညီငယ်ကိုပါ ခုံပုလေးပေါ်တက်စေသည်။ပြီးနောက် သစ်သီးတွေကို ရေစဆေးတော့သည်။တဝါးဝါးသမ်းနေသည့် Albusကြောင့် သစ်သီးဆေးနေရာမှ ရေအနည်းငယ်နဲ့ Albusမျက်နှာကို တောက်ပေးလိုက်မှ Albusမှာပြည့်ပြည့်ဝဝနိုးလာတော့သည်။

My Rival Becomes My Husband Where stories live. Discover now