Part Thirty-Three (Unicode)

2.7K 265 89
                                    

စနေနေ့ညနေခင်းပိုင်းတွင် ဖြစ်သည်။

"Shazam!!"

"Shazam!!"

'Shazam'ဆိုသည့် လူစွမ်းကောင်းကားကိုကြည့်ရင်း ဇာတ်ဆောင်မင်းသားအော်သလိုမျိုး Albusနှင့်LiLyက လိုက်အော်လေသည်။ Harryမှာ သဘောကျစွာနှင့် သားငယ်နှင့်သမီးငယ်တို့ရဲ့ ပါးလေးတွေကို ဆွဲလိမ်လိုက်ပြီး

"သဘောကျနေတယ်ပေါ့။ ဟုတ်လား?"

"မီးမီး ကြိုက်တယ်!!!"

"သားလည်းတူတူပဲ!!"

Scorpiusကတော့ ထုံးစံအတိုင်း Harryရဲ့အနားမှာပဲ ကပ်တွယ်နေပြီး Harryဘယ်သွားသွား လျှောက်လိုက်နေတတ်သည်။ ကလေးတွေ မုန့်စားရင်းကြည့်ရအောင် မုန့်ထယူပေးလည်း အနောက်ကပါလာတတ်သလို ပန်းကန်တွေသွားထားလည်း အနောက်ကပါလာပြန်သည်။

စကားတစ်ခွန်းမှကိုမဆိုပဲ ငွေမှင်ရောင်မျက်ဝန်းဝိုင်းဝိုင်းတွေနှင့် Harryကိုမော့ကြည့်နေသည်မှာ တစ်စုံတစ်ယောက်နှင့်တူလွန်းလှ၍ Harryမှာ ထိုမျက်ဝန်းတွေကိုမြင်တိုင်း ထိုသူကိုမြင်ယောင်လာသည်။ ထို့ကြောင့်လည်း အရင်Harry Potterက သားကြီးကို သဘောမကျခြင်းဖြစ်နိုင်သည်။

"Papa..."

"ပြောလေ..သားကြီး။"

"ကျောင်းပိတ်ရင် ပြင်သစ်ကိုလာခဲ့နော်။"

"Papaကြိုးစားပါ့မယ်။ ဒီမှာက အလုပ်လေးတွေရှုပ်..."

"Daddyနဲ့ ရန်ဖြစ်ထားတယ်မလား?"

'Shazam'ကို သည်းကြီးမဲကြီးကြည့်နေသည့် အငယ်နှစ်ယောက် မကြားအောင် သားကြီးက အသံတိုးတိုးဖြင့်မေးလာတာကြောင့် Harryမှာ ဘယ်လိုတုံ့ပြန်ရမှန်းမသိတော့ချေ။ သို့ပေမဲ့ အတတ်နိုင်ဆုံး ပြုံးကာ

"မဟုတ်ပါဘူး။"

"လိမ်တယ်။ သားက Papaရဲ့မျက်နှာကို မှန်လိုပဲ ကြည့်နေခဲ့တာ။ Papaပျော်မနေဘူး။ Papaက ဝမ်းနည်းနေတယ်။"

"မဟုတ်ပါဘူး။ အဲ့ဒါက Papaက စာမေးပွဲအတွက် အဆင်သင့်မဖြစ်သေးတာကြောင့်ပါ။"

"တကယ်လား?"

"တကယ်ပေါ့!"

သားကြီးယုံအောင် သေချာပြောလိုက်မှပဲ သားကြီးသည် ခေါင်းလေးငြိမ့်လာပြီး

My Rival Becomes My Husband Wo Geschichten leben. Entdecke jetzt