အခန်းတံခါးကို သူဖွင့်ပြီးဝင်လာခဲ့တော့ ကုတင်ပေါ်မှာလှဲနေသည့် Potter ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လျက် ထိုင်စောင့်ပေးနေသည့် Senior ကိုတွေ့လိုက်ရသည်။ ဘယ်သူ့ကိုမှ တော်ရုံဂရုမစိုက်တတ်သည့် Senior ဖြစ်သူကို ဒီလိုပုံစံနှင့်မြင်နေရ၍ သူ မအံ့သြပဲမနေနိုင်။ အနားကိုလျှောက်သွားလိုက်ပြီး
"Senior? နားလိုက်ပါလား?"
"မလိုဘူး။ ရတယ်။"
"ဘာလို့လဲ? ဘာကြောင့်များ သူ့ကို..."
"ငါမသိဘူး။ ငါ့ကိုယ်ငါကိုလည်း နားမလည်ဘူး။ ဘာလို့များ..ဘာလို့များ..ဒီလောက်အရေးပေးနေမိမှန်းကို မသိတာ။"
Senior ရဲ့အနှောင့်အသွားမလွတ်သည့်စကားကြောင့် သူမျက်မှောင်ကြုတ်သွားမိရာ Senior က သတိထားမိသွားပုံရကာပြုံးလာပြီး
"ဒီတိုင်း အဖြူထည်ခံစားချက်လေး ရှိရုံပါကွာ။ အဖြစ်သည်းမနေနဲ့။"
"သူက...ကျွန်တော့်လူပါ။"
"ငါသိတယ်။ ထူးဆန်းတယ်။ ငါသူ့ကို စမြင်လိုက်တဲ့အခိုက်အတန့်မှာလေ...ငါလေ...သူ့အပေါ်မှာ အပြစ်အကြီးကြီးလုပ်ထားတယ်လို့ ခံစားလိုက်မိတယ်။ ငါ့ကြောင့်နဲ့ သူအများကြီး နစ်နာဆုံးရှုံးခဲ့ရတယ်။ ဝမ်းနည်းခဲ့ရတယ်လို့ ခံစားမိလိုက်ရတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ဒီတိုင်းခံစားမိလိုက်ရတာ။ ပြီးတော့ ငါပြန်ပေးဆပ်သင့်တယ်လို့လည်း တွေးမိတယ်။ ဒါပေမဲ့...သူကတော့ တွေ့စကတည်းက ငါ့ကိုမနှစ်သက်သလို သံသယမကင်းသလိုနဲ့ ကြည့်တတ်တယ်။ ငါ့ကိုမြင်ရင် သူ့ရဲ့မျက်ဝန်းတွေက နာကျည်းဒေါသတွေနဲ့ စူးရှလာပြီး ကျဥ်းမြောင်းသွားတတ်တယ်။"
Senior Tom Riddle သည် သက်ပြင်းချလျက်ပြောလာပြီး သေးသွယ်သည့် လက်ကောက်ဝတ်လေးကို လှမ်းကိုင်လိုက်သည်။ ပြီးတော့လည်း တစ်ချက်ပြုံးလိုက်ပြန်ပြီး
"မင်းသိလား? သတိမေ့နေလို့သာ မဟုတ်ရင်လေ...သူက ငါ့ထိတာကို မခံတာ။"
"မထိနဲ့ပေါ့။"
"မင်းကတော့ကွာ။ ထိတယ်ကွာ။ ဘာဖြစ်လဲ? အဲ့လောက်သည်းသည်းလှုပ်နေရင် တစ်ကိုယ်လုံးကို မြိုသာချထားလိုက်တော့!"
YOU ARE READING
My Rival Becomes My Husband
FanfictionHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...