Part Nineteen (Unicode)

3.5K 383 79
                                    

Salibury University၏ Busကားမှတ်တိုင်အနားရှိ လမ်းကြားလေးတစ်ခုထဲတွင် ရိုက်နှက်ပြီး ထိုးကြိတ်သံတွေနှင့် ဆူညံနေလျက်ရှိသည်။ တစ်ခါတစ်ခါဆိုလည်း လမ်းကြားထဲမှ လွင့်ထွက်လာသည့် လူတစ်ချို့သည်လည်း လမ်းကြားထိပ်မှာ ပုံလျက်ရှိနေကြသည်။

လူမိုက်ကောင်တစ်ယောက်ရဲ့  မျက်နှာကို ခြေထောက်ဖြင့်ဖိနင်းထားသည့် Harryသည် နောက်ကျောဘက်ကနေ တိုက်ခိုက်လာသည်ကိုလည်း ရှောင်လိုက်ပြီး ထိုတိုက်ခိုက်လာသူရဲ့မျက်နှာကိုလည်း ဖြတ်ကန်လိုက်သည်။ ထို့နောက် ထပ်မံတိုက်ခိုက်လာသည့် လက်သီးကိုလည်း လက်ဝါးစောင်းဖြင့် ဖြတ်ရိုက်ချလိုက်ပြီး တိုက်ခိုက်လာသူရဲ့ခြေထောက်တွေကိုလည်း ဟန်ချက်ပျက်အောင် ဖြတ်ကန်လိုက်ပြီး မြေပြင်ပေါ်ကိုမှောက်ရက်လဲသွားစေသည်။

Harryလို ပိန်ပိန်ပါးပါးကောင်လေးဆီကနေ မရှုမလှအရိုက်ခံနေသည့်အတွက် စိတ်တိုလာသည့် လူမိုက်ခေါင်းဆောင်သည် Kyle Skydeရဲ့ အနာတရမဖြစ်စေနဲ့ဆိုသည့် အမိန့်ကိုပင်ဂရုမစိုက်တော့ပဲ ဆောင်ထားသည့် သံတုတ်ဖြင့် သူ့ကိုကျောပေးထားပြီး တခြားလူမိုက်နှစ်ယောက်ရဲ့ မျက်နှာတွေကို တစ်ယောက်တစ်ချက်စီ ထိုးနေသည့် Harryရဲ့ကျောပြင်ကို တအားလွှဲပြီး ရိုက်ချပစ်လိုက်တော့သည်။

"ကဲကွာ!!!"

"ဒုတ်!!"

"အ!!!"

Harryခဗျာ ညာဘက်ပခုံးရိုးကျိုးမတတ်ပင်ဖြစ်သွားပြီး အရိုးထဲအထိနာကျင်မှုကိုပါ တစ်ဆက်တည်းခံစားလိုက်ရသည်။ ဟိုလူမိုက်ကလည်း ရှိသမျှအားအကုန်လွှဲပြီး ရိုက်ချပစ်လိုက်၍ Harryရဲ့ခန္ဓာကိုယ်ကလည်း အစကတည်းက ခံနိုင်ရည်အားကလည်း နည်းသည်ဖြစ်ရာ ထင်ထားသည်ထက်ကို ပိုပြီးနာကျင်မှုကို ခံစားနေရသည်။

Harryသည် နာသွားသည့် ညာဘက်ပခုံးကို တခြားလက်ဖြင့်အုပ်ကိုင်ထားရင်း အသက်ကိုရှုသွင်း၊ ရှူထုတ်လုပ်ရင်း နာကျင်မှုကိုကြိတ်ခံနေရသည်။ သို့ပေမဲ့ ညာဖက်ပခုံးတစ်ခုလုံးက အထိမခံနိုင်လောက်သည်အထိ နာကျင်နေ၍ အံကြိတ်ထားရရုံသာမက မျက်နှာလှလှလေးပေါ်မှာလည်း ချွေးတွေစို့တက်လာသည်။

My Rival Becomes My Husband Where stories live. Discover now