Part Ten (Unicode)

4.5K 460 90
                                    

Harryသည် သူ့ကို မွေးစားမောင်လေးလို့ခေါ်လာသည့် မိန်းမအသံကြောင့် လှည့်ကြည့်လိုက်ရာ မိတ်ကပ်ခပ်ထူထူလိမ်းထားပြီး နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးထားသည့် မိန်းမတစ်ယောက်က ဆိုင်ထဲမှာရှိနေသည်။နေကာမျက်မှန်တစ်လက်ကိုလည်း တပ်ထားပြီး ဝတ်ဆင်ထားသည့်အဝတ်အစားတွေမှာလည်း ကျပ်ထုတ်နေတာကြောင့် ထိုမိန်းမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပေါ်လွင်စေသည်။

'ဝတ်ထားတာ ကျပ်ထုတ်နေတာပဲ။အသက်ကောရှူနိုင်ရဲ့လားမသိ။'

ထိုမိန်းမရဲ့ ဝတ်ပုံစားပုံကိုကြည့်ရင်း Harryတစ်ချက်တွေးမိသွားသည်။

"ဘာလဲ?တို့မောင်လေးက အစ်မကိုမကြိုဆိုချင်ဘူးပေါ့။"

"ခင်ဗျားက...."

ဘယ်လိုပဲစဥ်းစားစဥ်းစား ထိုမိန်းမဘယ်သူမှန်းတွေးမရတာကြောင့် ထိုမိန်းမကို အသာစိုက်ကြည့်နေမိရာ ထိုမိန်းမက နေကာမျက်မှန်ကိုချွတ်လိုက်ကာမဲ့ပြုံးဖြင့်

"ကြည့်ရတာ တို့ကသိပ်လှသွားလို့ မမှတ်မိတော့တာထင်တယ်။ဒါဆို....မှတ်မိအောင် လုပ်ပေးရမှာပေါ့။"

မျက်နှာကို ရှင်းလင်းစွာမြင်ရမှ ထိုမိန်းမအား မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်ထဲကနေတစ်ဆင့် Harryမှတ်မိသွားသည်။ထိုမိန်းမကား မူလပိုင်ရှင်ကို အမျိုးမျိုးအနိုင်ကျင့်ခဲ့သည့် မွေးစားအစ်မဖြစ်သူ Megan Millerပင်။

ပြောလည်းပြော ထိုမိန်းမရဲ့လက်က လေထဲကိုမြောက်တက်သွားသည်။ထိုမိန်းမဘယ်သူဖြစ်ကြောင်းကိုသာအသည်းအသန်တွေးနေသည့် Harryဟာကျရောက်လာတဲ့ ဘေးကိုမကာကွယ်လိုက်နိုင်။

"ဖြောင်း!!!!"

Harryရဲ့ ပါးပြင်တစ်ဖက်က ပူစပ်ပြီးနာကျင်သွားရသည်။မြစိမ်းရောင်မျက်ဝန်းတွေက ပြူးကျယ်သွားကာ နာသွားသည့်ပါးပြင်ကို အုပ်ကိုင်လို့ ထိုမိန်းမကို စူးရဲစွာပြန်ကြည့်မိသည်။

"နင်ကများ!!!ငါ့ကိုပြန်ကြည့်ရဲတယ်ပေါ့!!!အတတ်ကောင်းတွေ တတ်နေတဲ့ပုံပဲ!!!ကဲဟယ်!!!"

ဒုတိယအကြိမ်မြောက်တက်လာသည့် ထိုမိန်းမရဲ့လက်။ဒီတစ်ခါတော့ Harryဟာ ထိုမိန်းမလက်ကိုဖမ်းကိုင်ပြီး အားနဲ့ဆုပ်ကိုင်လိုက်သည်။ထိုမိန်းမရဲ့မျက်နှာကို ကြည့်နေရင်း မူလပိုင်ရှင်ကို ထိုမိန်းမဆိုးဝါးစွာဆက်ဆံခဲ့သမျှ မှတ်ဉာဏ်တွေဟာ Harryခေါင်းထဲမှ တစ်ခုပြီးတစ်ခုပေါ်လာသည်။မြစိမ်းရောင်မျက်ဝန်းတို့ဟာ ဒေါသကြောင့်အရောင်လက်လာသည်နဲ့အမျှ ထိုမိန်းမရဲ့လက်ကို ဖမ်းကိုင်ထားသည့်အားကလည်း ပြင်းထန်လာသည်။

My Rival Becomes My Husband Where stories live. Discover now