Season-6 Ep(5)

Začít od začátku
                                    

"ခင်ဗျားဘာတွေရွတ်နေသလဲ မရွတ်နဲ့"

သူအထိတ်တလန့်အော်လိုက်သော်လည်း ထိုပုဂ္ဂိုလ်ကာရွတ်နေမြဲ။ တဖြည်းဖြည်းနှင့် သူ့စိတ်တွေက သွေးပျက်လာသည်ထင်ရသည်။ သူ့ကိုဝိုင်းအုံလာသည့်အရိပ်မည်းပေါင်းများစွာက သိသာထင်ရှားလာသောအခါ

"ဟာ.... "

ဝတ်ရုံမည်းဝတ်ထားသည့်အရိုးစုတွေ။ မျက်လုံးဟက်ပက်နှင့်အရိုးခေါင်းတွေကိုကြည့်ပြီး နေခကြက်သေသေနေခိုက်

"ရပ်လိုက်.... "

စူးရှသောမိန်းကလေးသံ။ ထူးဆန်းသောပုဂ္ဂိုလ်၏ရေရွတ်သံကာ ရပ်တန့်သွားတော့ မှင်သက်နေသည့်နေခလည်း အသိဝင်လာသည်။ အသံကြားရာသို့ ကြည့်လိုက်တော့

"စီသာ"

နတ်ဆရာသမီးစီသာကိုမြင်လိုက်ရတော့ သူအလွန်အံ့သြသင့်သွားရသည်။ စီသာကသူ့ကိုမကြည့်ဘဲ နှင်းထုတွေကြားမှ ကြောက်မက်ဖွယ်ပုဂ္ဂိုလ်ကိုသာ စူးစိုက်ကြည့်ရင်း

"သူ့ကိုလွတ်မြောက်ခွင့်ပေးလိုက်ပါ သူကဘာစွမ်းအင်မှမရှိတဲ့ သာမာန်လူသားတစ်ယောက်ပါ"

"မရဘူး သူ့ဝိညာဉ်ကိုကျွန်ုပ်ပိုင်တဲ့အတွက် ရအောင်ယူရလိမ့်မယ်"

စီသာကာ ခေါင်းဆောင်ဖြစ်ဟန်တူသော ထိုပုဂ္ဂိုလ်၏စကားကိုဂရုမစိုက်တော့ဘဲ သူ့ဘက်သို့လှည့်လာခဲ့ပြီးနောက်

"ရှင်ပြေးတော့..."

"ဘယ်လို.."

"ကျွန်ုပ်ကိုဘာမှမမေးနဲ့ ရှင့်မှာအချိန်မရှိဘူး အခုအသိစိတ်ကိုစုစည်းပြီး ပြင်ပကအသံကြားနိုင်အောင်အာရုံစိုက်ပါ အသံကြားတဲ့ဘက်ကိုပြေးပါ နောက်လှည့်မကြည့်နဲ့"

စီသာစကားကိုသူသိပ်နားမလည်သည့်တိုင် သူမပုံကအလျင်လိုနေဟန်ရှိသဖြင့် အရေးကြီးသည်ကိုတော့သူရိပ်မိသည်။ ထို့ပြင် အရိုးခေါင်းစုနှင့်ဝတ်ရုံမည်းတွေကလည်း သူ့ထံတဖြည်းဖြည်းနီးကပ်လာသဖြင့် သူဘာမှမစဉ်းစားတော့ဘဲ မျက်လုံးကိုမှိတ်ချလိုက်ပြီး ကယောင်ချောက်ချားဖြစ်နေသည့်စိတ်ကို အတင်းပင်စုစည်းထားလိုက်သည်။ ထိုခဏ

မှော် (ေမွာ္)Kde žijí příběhy. Začni objevovat