" ငါ့ ... အလုပ်မှာ ... မလိုဘူး ... မင်းကို ... "

​စောမင်းခန့်က ငြင်းလိုက်​တော့ ဆလိုင်းက အနည်းငယ် စိတ်ဓါတ်ကျသွားသည်။ ဆလိုင်း စိတ်ကူးထားတာ ​စောမင်းခန့်နဲ့ အလုပ်အတူလုပ်ရင်း ​စောမင်းခန့်အနား ကပ်​နေမည်။​စောမင်းခန့် လုပ်​နေသည့် အလုပ်​တွေကိုလည်း တရားဝင်သည့် အလုပ်​တွေဟုသာ ဆလိုင်း ထင်ခဲ့သည်။

" ကျွန်​တော်က ... "

​စောမင်းခန့်က ဆလိုင်း၏ လက်ကိုဖယ်လိုက်ကာ စိတ်ရှုပ်​ထွေးစွာဖြင့် မျက်ခုံး​လေး​​တွေ တွန့်​နေပြီး ထွက်သွားသည်။​​အနားကို အတင်းကပ်​နေရင် စောမင်းခန့် စိတ်ရှုပ်​​နေမည်စိုး၍ ဆလိုင်းက ​ခြေစုံရပ်ကာ ကျန်ခဲ့ရသည်။

" ကျွန်​တော်က သူ့ကို လက်မခံနိုင်ဘူး။ အန်ကယ်​ဇေယျာ ကြိုက်တာလုပ်။ "

​စောမင်းခန့်၏ အသံက ပုံမှန်ထက် အနည်းငယ် ကျယ်​နေသည်။ အမူအယာနဲ့ စိတ်ခံစားချက်ကို ခန့်မှန်းဖို့ မလွယ်တဲ့ ​စောမင်းခန့် တစ်​​ယောက် စိတ်တို​နေပြီဆိုတာ အသံကြားရုံဖြင့် သိနိုင်သည်။

ဦး​ဇေယျာနဲ့ အလုပ်ကိစ္စ စကား​​ပြောဖို့ Hotelက ဦး​ဇေယျာ အနားယူသည့် ​ရေကူးကန်ဘက်ကို ဆလိုင်း
လိုက်သွားခဲ့ရင်းမှ ​စောမင်းခန့် ​ပြောသည့် ထိုစကားကို ကြားခဲ့သည်။​​စောမင်းခန့်က လှည့်ထွက်လာ​တော့ ခပ်လှမ်းလှမ်းမှ ဆလိုင်းကို မြင်သွားသည်။ သို့​ပေမယ့် သူ့အကျင့်အတိုင်း အဖက်မတန်သလိုဘဲ အကြည့်လွှဲသွားသည်။

" အစ်ကို "

ဆလိုင်းက ဦး​​ဇေယျာကို 'ခွင့်ပြုပါဦး' ဆိုတဲ့သ​ဘော ​ခေါင်းငြိမ့်ပြကာ ​စောမင်းခန့် အ​နောက်လိုက်သွားသည်။ ​စောမင်းခန့်က Hotel၏ ကား Parkingကို သွား​နေသည်။

" အစ်ကို ... ခဏ​နေပါဦး။ "

​စောမင်းခန့် လမ်း​လျှောက်တာ အရမ်းမြန်သည်။ ဆလိုင်း ​ပြေးလိုက်မှသာ မီသည်။ ​စောမင်းခန့်က နှစ်အပိုင်းအခြား တစ်ခုအတွင်းမှာ အများကြီး ​​အောင်မြင်လာသည်။ သူ့​နောက်လိုက်တဲ့သူ​တွေ အများကြီးရှိသည်။ကြား​နေရတဲ့ သတင်း​တွေအရ ​တော်​​နေ​ဇော်ပြီးရင် ​စောမင်းခန့်က ဒုတိယ​ခေါင်း​ဆောင် ဖြစ်လာနိုင်သည်။

Masterpiece ( Completed )Donde viven las historias. Descúbrelo ahora