နမ်ဂျွန်ကဖုန်းသုံးနေရင်းမှ ပျင်းလာတာမို့အိပ်ဖို့ပြင်သည်။
"သားကြီး မင်းရေမချိုးပဲအိပ်မလို့လား"
ယွန်းဂီလှမ်းပြောတော့ နမ်ဂျွန်ကရေချိုးခန်းတံခါးကို မျက်နှာမဲ့ကာမေးငေါ့ပြရင်း
"မင်းဟာလေးဝင်သွားတာ ဘယ်နှနာရီရှိနေပြီလဲ...သူ့အိမ်မှာရေမချိုးရဘူးထင်တယ်...ငါတော့အိပ်ပြီ"
"ဘောကိုငါ့ဟာလေးလား...ကြားသွားရင်ဘယ်လိုလုပ်မလဲ ကင်မ်နမ်ဂျွန်!"
ယွန်းဂီကအသံကိုအုပ်၍ပြောပြှး နမ်ဂျွန့်ကိုခေါင်းအုံးနှင့်လှမ်းပေါက်သည်။
"မင်းဟာလေးမလို့ မင်းဟာလေးလို့ပြောတာလေ...ဘာမှားလို့လဲ...ဟိုကခုတည်းကအာဏာပြနေတာညားလို့ကတော့...ဟင်းဟင်း"
နမ်ဂျွန်ကခေါင်းတစ်ခါခါ ၊ရယ်ကျဲကျဲဖြင့်ပြောတော့ ယွန်းဂီက ထယ်ယောင်းကြားသွားမည်ဆိုတာကြောင့် နောက်ထပ်ခေါင်းအုံးဖြင့်ထပ်လှမ်းပေါက်သည်။
နမ်ဂျွန်က ဒီတစ်ခါတော့ရှောင်လိုက်တာကြောင့် ဘေးမှာအိပ်နေသော စားဖိုမှူးဆိုသောတစ်ယောက်မျက်မှာကို သွားထိတော့သည်။
"မင်ယွန်းဂီ!!"
နမ်ဂျွန်အသံပြဲဖြင့်ထအော်တော့သည်။တော်သေးသည်။
သူ့ဘေးမှာအိပ်နေတဲ့hoodieခေါင်းစွပ်နဲ့လူက နိုးဖို့နေနေသာသာ။ကွေးကွေးလေးသာဆက်အိပ်နေသည်။အထုပ်တွေနေရာချပြီးတည်းက အိပ်နေတာခုထိပင်။ညစာလည်းထမစား၊ကားပေါ်ရောက်တည်းကအိပ်၊ခုထိလည်းအိပ်နဲ့ တော်တော်အိပ်နိုင်တဲ့လူပါလား?"ငါ့ကိုလာမအော်နဲ့...မင်းပါးစပ်ကိုပိတ်ထား...ဟိုကကြားသွားရင် ငါပဲရှင်းရမှာ"
"ငါ့လာမခေါ်နဲ့ မင်ယွန်းဂီ!...မင်းဟာလေးနဲ့ပဲနေ"
ယွန်းဂီဆီကအအော်ခံရလို့ နမ်ဂျွန်တစ်ယောက်စိတ်ကောက်ကာ ယွန်းဂီကိုကျောခိုင်း၍အိပ်သွားတော့သည်။
ယွန်းဂီကတော့ နမ်ဂျွန်စိတ်ကောက်သွားတာကိုပျော်နေရင်းသာ နမ်ဂျွန့်ကိုပစ်ပေါက်ထားတဲ့ ခေါင်းအုံးနှစ်လုံးကိုသွားယူသည်။
![](https://img.wattpad.com/cover/343188361-288-k750844.jpg)