part -30//

840 44 5
                                    

Part -30//

ဘယ်သူထင်မှာလဲ.......

ထိုညကုန်ဆုံးပီးတဲ့နောက်မှာ
ဂျွန်ဂျောင်ဂုဆိုတဲ့ အပေတေလေးတဖြစ်လဲ Dark ဆိုတဲ့ခပ်ဆိုးဆိုး တဇောက်ကမ်းသမားက အရင်လို ပြန်ပေါ်လာခဲ့မယ် ဆိုတာ။

ဘယ်သူက ထင်ခဲ့မှာလဲ......

နှင်းဆီဖြူလေးရဲ့ မောင် မဟုတ်တဲ့ အရင်က အနှောင်တွယ်ကင်းမဲ့တဲ့ လူတစ်ယောက်အနေနဲ့။
အေးစက်မှု သုံညဒီဂရီအောက်က အပြုံးအရယ်ကင်းမဲ့ပီး ခက်ထန်တဲ့မျက်နှာထားပိုင်ရှင် Dark ဟာ နှင်းဆီဖြူလေး တပ်ထဲဝင်သွားတဲ့နေ့မှာ ရုတ်တရက် ပြန်ပေါ်လာခဲ့သည်တဲ့လား။

____________________________


ရက်တွေ လတွေ နေ့တွေ ပြောင်းသွားလည်း ထိုအမျိုးသားဟာ ပုံစံခွက်တစ်ခုထဲမှာပဲ မပြောင်းမလှဲ ရှင်သန်နေထိုင်ခဲ့သည်။

မနက်နိုးလာတဲ့အခါ ကျောင်းသွားဖို့ ပြင်ဆင်နေခဲ့ပီး ကျောင်းပြန်တဲ့အခါ လုပ်ငန်းခွင်ဝင်ကာ သူဟာနောက်ကွယ်က လူရမ်းကားတစ်ယောက် ဖြစ်ခဲ့သည်။
ကျောင်းသွား ကျောင်းပြန်ချိန်တွေမှာ အီချယ်ယောင်းဆိုတဲ့ ခလေးမကို ကျောင်းပို့ကျောင်းကြို အလုပ်ကတော့ မပျက်ကွက်ခဲ့။

ညဖက်တွေမှာ အရင်ကအတိုင်း ပေတေနေခဲ့ပီး နှင်းဆီဖြူလေးမသိအောင် တိတ်တဆိတ်လှုပ်ရှားမှုတွေနဲ့ ညချစ်သူလေးဖြစ်ခဲ့ရကာ အဖော်မဲ့နေတဲ့ လမင်းကြီးနဲ့အတူ ထိုင်ဆွေးရင်း သူ့ကိုယ်သူ အဖော်ပြု နေခဲ့ပြန်သေးသည်။

အမှတ်တရနေ့ဆိုတာလည်းမရှိသလို မွေးနေ့ဆိုတာကလည်း သာမာန်နေ့တနေ့ပါပဲ။
ထိုကဲ့သို့ ရက်တွေ လတွေ နှစ်တွေ ကို တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့တာ ၂ နှစ်နီးပါးရှိခဲ့ပီ။

ထို ၂ နှစ်အတွင်း ဆေးလိပ်နဲ့ အရက်ဟာလည်း အပေတေလေးနဲ့ လွှတ်ကင်းနိုင်ခဲ့ခြင်းမျိုး မရှိပေ။

သို့ပေမယ့် သူမမေ့မလျှော့လုပ်ခဲ့တဲ့ အလုပ်တစ်ခုဟာ မောင့်နှင်းဆီဖြူလေးကို နေ့တိုင်းလွမ်းခြင်းနဲ့ အီချယ်ယောင်းဆိုတဲ့ခလေးမကို စောင့်ရှောက်ခြင်းပင်ဖြစ်သည်။

_____________________


မှတ်မိလား

INJURY ( completed ) Where stories live. Discover now