Part -17//

509 61 7
                                    

part -17//
~~~~~~~~~~~~~~~~~

မောင်~~~~

စိတ်ထဲအမြဲရှိတဲ့ နာမ်စားလေးဟာ ပါးစပ်ကနေ လွှတ်ခနဲ။
ပြန်ကြည့်လာသူဟာ စိမ်းစိမ်းကားကား။
ဘေးမှာလည်း ကောင်မလေးတစ်ယောက်။
မောင်ဟာ ထိုအမျိုးသမီးငယ်ရဲ့လက်ကို အသေအချာ ဆုပ်ကိုင်ထားတာများ လွတ်ထွက်သွားတော့မည့်အလား။
ကျောခိုင်းထွက်သွားတဲ့ မောင်နဲ့ မောင့်ဆိုင်သူဟာ ပူးပူးကပ်ကပ်။
မောင်ဟာ သူ့ဆိုင်သူကို ဖက်ထားလိုက်တာများ တင်းတင်းကျပ်ကျပ်။
ရှက်တတ်တဲ့မောင်က လူအသွားအလာများတဲ့ လမ်းမထက်မှာ ပြုံးလိုပျော်လို့။
ထိုကောင်မလေးကို ကြည်စယ်လို့။

မနာလိုဖြစ်လိုက်တာ။

သူလိုချင်ခဲ့သမျှ ဖြစ်ချင်ခဲ့သမျှကို ထိုအမျိုးသမီးလေးက ပိုင်ဆိုင်သွားရပြီ။
ဘယ်ကမှန်းမသိတဲ့ ဓားတစ်ချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မိထားလိုက်ရင်း မောင်နဲ့ မောင့်ဆိုင်သူနောက်ကို ပြေးလိုက်သွားမိသည်။
မယုံကြည်နိုင်ခြင်းများစွာနဲ့ ပြန်ကြည့်လာတဲ့ မောင့်မျက်လုံးတွေက နာကျင်ရိပ်လည်းမပြသလို ဘယ်လိုအမူအရာမှ မပေါ်။

မောင့်မျက်နှာအမူအယာတွေက ခန့်မှန်းရခက်လိုက်တာ။

ပတ်ဂျီမင်းရှီး!!

ပုခုံးနှစ်ဖက်ကို ကိုင်လုပ်ကာ အော်လိုက်တဲ့ မောင့်အသံကြောင့် သူ့မျက်လုံးတွေ ဆတ်ခနဲ ပွင့်သွားရသည်။

ဘာဖြစ်နေတာလဲ။

မောင်နဲ့သူဟာ ခုနကလို လမ်းမထက်မှာ မဟုတ်တော့ပဲ အခန်းတစ်ခုထဲမှာ။

မောင်

မောင်???

မကောင်းတဲ့ကောင်!!

မကောင်းတဲ့ကောင်???

ပြောတော့ မိန်းကလေးတွေ စိတ်မဝင်စားဘူးဆို!!

.....

ဘာလို့ အဲကောင်မလေးနဲ့ ဖက်နေတာလဲ!!

ဘယ်က ကောင်မလေးလဲ

ပြုံးနေလိုက်သေးတယ်!!.
မင်း အရမ်းပျော်နေတာမလား!!

ဘာတွေပြောနေတာလဲ ပတ်ဂျီမင်းရှီး

INJURY ( completed ) Where stories live. Discover now