part -7// ( အနမ်းသခိုး )

653 67 5
                                    

part -7//
( အနမ်းသခိုး )

တက္ကသိုလ် တက်ရန် ဆိုးလ်မြို့ပေါ် ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသား အပေအတေလေးဟာ ဆိုးမြဲဆိုးနေတုန်း။
တက္ကသိုလ်ကျောင်းသားလေးဟာ ဆိုးပေနေတုန်း။
ည ၁၁ နာရီအချိန်မှာ အပေအတေလေးက ဆိုဂျူ ဗူးတစ်ဘူးနဲ့ လမ်းထိပ်အုပ်ခုံလေးမှာ တစ်ယောက်ထဲထိုင်ရင်း ကျေကွဲစရာမရှိပေမယ့် ကြေကွဲလူငယ်လေးလိုမျိုး ငိုင်တိုင်တိုင်လေး ထိုင်နေခဲ့တယ်။
ဆိုဂျူကို တစ်ငုံလောက်မော့လိုက် လမင်းကြီးကို ငေးကြည့်လိုက် နီယွန်မီးရောင်အောက်က လူရှင်းနေတဲ့ လမ်းကို တဆုံးငေးမောကြည့်လိုက်နဲ့ အပေအတေလေး မအားလပ်ဖြစ်နေရသည်။

အကို
ကျတော့်ကို မြင်ရလား
ဒီကြယ်က အကိုလား

ကောင်းကင်ယံက မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးကို ကြည့်နေရင်း ပြန်ဖြေပေးမည့်သူ မရှိမှန်းသိရက်နဲ့ အပေအတေလေးက မေးနေခဲ့ပြန်သည်။

ဟင်းးးးးးးးးးးးးးး

သက်ပြင်းရှည်ကို ခပ်ကြမ်းကြမ်း ရှိုက်ထုတ်လိုက်ပီး ဆိုဂျူကို မော့သောက်လိုက်ပြန်သေးသည်။

ဟေးအလှလေး ကိုယ်တို့နဲ့ လိုက်ခဲ့ပါကွာ။

လွတ် လွတ်လို့

အလှလေးကလည်း မလိုက်ချင်တာလည်း မဟုတ်ပဲနဲ။

ဘာလုပ်ကြတာလဲ လွတ်လို့

တဖက်လမ်းက အသံတွေက သူ့နားထဲအတိုင်းသား ကြားနေရသည်။
အမှောင်ရိပ်ကျတဲ့ နေရာမို့လို့ လူစိတ်မရှိတဲ့ကောင်တွေက မိန်းကလေးတစ်ယောက်ကို ဆွဲလား ရမ်းလားလုပ်နေကျသည်။
သူဟာ ထိိုလူတွေကို ကြည့်မြဲတိုင်း ကြည့်နေတုန်း။
ကောင်မလေးတစ်ယောက်ကို ယောင်္ကျားနှစ်ယောက်မှာ တစ်ယောက်က လည်ပင်းဖက်ထားပီး တစ်ယောက်က ခါးကို ဖက််ထားသည်။
အကူအညီမဲ့နေတဲ့ ထိုအမျိုးသမီးငယ်ဟာ ထိုလူတွေကြားမှာ တုံ့တုံ့မလှုပ်ရဲဘဲ ငြိမ်နေရှာသည်။
သူ မိန်းမတွေကို ကြည့်မရခြင်းရဲ့ အကြောင်းအရင်းထဲမှာ ထိုအချက်လည်းပါသည်။
တစ်ခုခုဆို ဘာမှ မလုပ်ရဲ မကိုင်ရဲနဲ့ ကြောက်နေတာကို အမုန်းဆုံးဖြစ်သည်။ 
ထိုလူတွေဟာ ထိုအမျိုးသမီးကို သူရှိရာလမ်းဖက်ကို ဆွဲခေါ်လာကျသည်။
မသိသလို နေချင်ပေမယ့် အသိစိတ်က မနေသာတာကြောင့် ဒေါသက အလိုလို ထွက်လာရပြန်သည်။

INJURY ( completed ) Where stories live. Discover now