Part -2// ( ချယ်ယောင်းအား မွေးစားခြင်း )

1K 81 7
                                    

INJURY( ချယ်ယောင်းအား မွေးစားခြင်း )

part -2//

ကိုကို ထတော့ ကိုကိုဂျွန်ဂျောင်ကု!!!!!!

မနက်လင်းလာတာနဲ့ အစောကြီးလာခေါ်တဲ့ ချယ်ယောင်းကြောင့် မထချင်ထချင်နဲ့ နိုးလာရသည်။

ဘာလဲချယ်ယောင်း

လမ်းလျှောက်မယ်လေ
ကျန်းမာရေးကောင်းအောင်

အစောကြီးကွာ

မစောတော့ဘူး
မနက် ၄ နာရီတောင်ဖြစ်နေပီ
နှင်းဆီဖြူငယ် ဆီသွားရအုံးမယ်လေ

အင်း
* နှင်းဆီဖြူလေး ဟုတ်တယ် *
*မောင့်အချစ်ဆီ သွားရအုံးမှာ *
* မောင့်အချစ်က မျော်နေလောက်ရောပေါ့ *

အပြန်ကျ တစ်ခါထဲ ပန်းဝယ်ရအောင်ကိုကို

အင်း

ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို လမ်းလျောက်အ၀တ်အစားတွေနဲ့ ဆင်မြန်းထားသည့် ချယ်ယောင်းသည် ၁၂ နှစ်သမီးလေးဟု ထင်ရလောက်သည်အထိ သေးငယ်လွန်းသည်။ လမ်းလျှောက်ထွက်လာသော သူတို့နှစ်ယောက်သည် တကယ်ကို သားအဖပုံစံပင်။
ဗလတောင့်တောင့် ကိုယ်လုံးဖြောင့်ဖြောင့်နဲ့ သခင်ငယ်လေးသည် ဘေးက အသေးလေးကို ကြည့်ပီး ပြုံးရုံမျှ ပြုံးနေလိုက်သည်။
သို့ပေမယ့်လည်း ထိုအပြုံးတို့သည် မဲ့ပြုံးမျှသာ။

ဒီသားအဖ နှစ်ယောက် ဘယ်သွားကျမို့လဲ

ဟာ သားအဖ မဟုတ်ပါဘူးဆို
ဦးလေးကြီးနော် ဘယ်လိုဖြစ်နေလဲ

မသိပါဘူးကွယ်
အသက်ကြီးလာတော့ အမြင်အာရုံတွေလည်း မကောင်းတော့ဘူး ။
သားအဖလို့ပဲ မြင်နေတော့တယ်။

အမြင်အာရုံ မကောင်းရင်
အပြန်ကျ မျက်မှန်လုပ်ပေးမယ်။ သိလား သားအဖ မဟုတ်ဘူး။
မောင်နှမနော် မောင်နှမ သိပီလား။

အေးပါကွယ်။

ခြံစောင့်ဦးလေးကြီးသည် ရွှတ်နောက်နောက်နဲ့ လှမ်းစတော့ ပြာကလပ်စိန်လေး ချယ်ယောင်းက တစ်ခွန်းမကျန် ပြန်ပြောတော့သည်။
သခင်ငယ်လေးကတော့ မည်သူကိုမျှ အာရုံထဲမထားကာ လမ်းလျှောက်စရာရှိတာကို ဆက်လျှောက်နေလိုက်သည်။
စကားနည်းတဲ့ သခင်ငယ်လေးသည် မည်သူကိုမှလည်း ဂရုမစိုက်တတ်။
လုပ်ချင်တာ လုပ်မည်။
ဖြစ်ချင်တာဖြစ်။
သူဂရုမစိုက်ပါ။
ဖြစ်လာသမျှကို ကျေကျေနပ်နပ်ကြီး မဲ့ပြုံးတွေနဲ့ အောင်ပွဲခံမည်။
သူ့ဆီက ပေါပေါသီသီရနိုင်တာဆိုလို့ မဲ့ပြုံးမျှသာ။
ထိုအရာတွေထက် မပိုပါ။
ကျန်တာ မျှော်လင့်လို့လည်း ရနိုင်မည်မဟုတ်။
အေးစက်မှု ဒီဂရီမှတ်သည် သုံည အောက် minus ( - ) တွေနဲ့သာ။
ထိုကဲ့သို့ အေးစက်သော သခင်ငယ်သည် တစ်ချိန်က အပြုံးချိုသူဟု ပြောရင် ဘယ်သူယုံပါ့မလဲ။
ဝိုင်းစက်စက် မျက််လုံးပိုင်ရှင် သခင်ငယ်လေးက အရောင်တောက်တောက်တွေနဲ့ ချစ်စရာကောင်းအောင် ပြုံးပြတတ်တာ ဘယ်သူထင်ပါ့မလဲ။ 
စကားနည်းတဲ့ သခင်ငယ်လေးက တစ်ချိန်က ပေါက်ပေါက်ဖောက်မတတ် စကားတွေ တရစပ်မရပ်မနား ပြောတတ်တာ ဘယ်သူမှတ်မိပါအုံးမလဲ။
မှတ်မိသူတွေကရော ရှိပါရဲ့လား။
သေချာပေါက် မရှိဘူးပေါ့။

INJURY ( completed ) Where stories live. Discover now