Part -10//

490 51 3
                                    

Part -10//
˜˜˜˜˜˜˜˜˜

မနက်ခင်းရဲ့ နေရောင်ခြည် ဖျော့ဖျော့က မျက်နှာပေါ်သို့ ကျဆင်းလာတဲ့အခါ အိပ်ရာထက်က ကောင်လေးဟာ နိုးထလာခဲ့သည်။
တကိုယ်လုံး ဖုံးလွမ်းနေတဲ့စောင်ကို ဆွဲလှန်လိုက်ပီး ထထိုင်လိုက်တဲ့အခါ စောင်အောက်က မျက်နှာလေးဟာ အိပ်ချင်မူးတူးရုပ်ကလေးနဲ့ ချစ်စရာကောင်းစွာ ပေါ်ထွက်လာတော့သည်။

သူ့ကိုယ်ပေါ်မှာ အင်္ကျီအမဲနဲ့ ဘောင်းဘီပွပွကြီးကို ကြည့်လိိုက်ပီး ထိုကောင်လေးပြုံးလိုက်သည်။
ကုတင်ပေါ်က ဆင်းကာ အခန်းထဲက ထွက်လာလိုက်ပီး ဂျောင်ကုကို အရင်ရှာမိသည်။
သို့ပေမယ့် ဂျောင်ကုဟာ အိိမ်မှာ မရှိတော့ပေ။

ကျောင်းသွားပီလား။

ထမင်းစားခန်းထဲ ဝင်လိုက်တဲ့အခါ စားပွဲပေါ်မှာ ဆေးတစ်ချို့နဲ့ စာတစ်စောင်။
စာထဲမှာ ရေးထားတာကတော့

* ဆေးသောက်ပီး အိမ်ပြန်ပါ ပတ်ဂျီမင်းရှီး *

***မင်းက ငါ့ကို အမြဲပဲ နှင်ထုတ်နေတော့မှာလား။***
*** ဒီနေ့လည်း မပြန်ဘူး။ ***
*** မင်းလာတဲ့အထိ နေမှာ။***

ဗိုက်ဆာတာကြောင့် ရေခဲသေတ္တာဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

နှစ်လုံးတောင်လား။
လူတစ်ယောက်ထဲ နေတဲ့အိမ်မှာ ရေခဲသေတ္တာ နှစ်လုံးထားတာက လွန်တာပေါ့။
ပိုက်ဆံဖြုန်းတဲ့ ကောင်လေးပဲ။

ပြောပြောဆိုဆို ပထမဆုံးရေခဲသေတ္တာကို ဖွင့်ကြည့်တဲ့အခါ စာတစ်စောင် ထပ်ကပ်ထားတာတွေ့ရသည်။

* ကြည့်မနေနဲ့ အရွက်အပြင် ဘာမှ မရှိဘူး *

ဟမ်။
ကြိုသိနေတာလား။
တကယ်ပဲ ဘာမှ မရှိဘူးလား။
တကယ်လဲ ဘာမှမရှိဘူးပဲ။
ဘာတွေစားပီး နေနေတာလဲ။
ဆော့နဲ့ ပတ်သက်ပီး ဘာမှလည်းမရှိ။
အသားနဲ့ ပတ်သက်ပီး ဘာမှမရှိ။
အသီးအရွက်ကတော့ စုံနေအောင် ရှိသည်။
အများဆုံးကတော့ အရက်ပုလင်းတွေ။

နောက်ရေခဲသေတ္တာ တစ်လုံးကို ဖွင့်ကြည့်တဲ့အခါ မထင်ထားတဲ့ မြင်ကွင်းကြောင့် ဂျီမင်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။

INJURY ( completed ) Where stories live. Discover now