ခွေးမ!

သင်းက ဟန်ကျိုးလီနှင့်လူတွေအများကြီးရဲ့ရှေ့မှောက်မှာ သူမကို ဂုဏ်သိက္ခာပျက်အောင်လုပ်ခဲ့သည်။

ဒီတစ်ခါ အရှက်တကွဲဖြစ်ရခြင်းမှာ ခံစားချက်က အရင်က သူမ မောက်မာထောင်လွှားခဲ့တာတွေ၊ လုမန်ကို အထင်အမြင်သေးခဲ့တာတွေလုပ်တုန်းကလို ပြင်းထန်သည်။

ဟန်ကျိုးလီရှေ့မှာမှ လုမန် သူမကို တမင်အရှက်ခွဲခဲ့တာ!

တွေးလေ သိုက်ယီးရန် မျက်နှာ ဖြူဆုတ်သွားလေဖြစ်ကာ ဟန်ကျိုးလီကို သနားစဖွယ် ကြည့်လိုက်သည်။ 

“ အစ်ကိုဟန်.. ”
ဘယ်လိုများ ဟန်ကျိုးလီ သူမကို မစာမနာ အလုပ်ထုတ်ပစ်မယ် ပြောရက်တာလဲ!

သူမ ဟန်ကော်ပိုရေးရှင်းကိုရောက်လာခဲ့တာ ဘယ်သူ့အတွက်လဲ..

သို့ပေမယ့် သူ သူမကို လုံးဝ မသိသည့် သူစိမ်းတစ်ယောက်ပမာ ဆက်ဆံခဲ့သည်။

သူမကတော့ သူ့ကို အစ်ကိုဟန်လို့ပဲ အမြဲ ခေါ်ခဲ့တာဖြစ်သည်။

ဒါပေမဲ့ ဟန်ကျိုးလီက တစ်ချက်မှ ငဲ့ကြည့်ခြင်း မရှိ။ လုမန်ဘက်ကို လှည့်လိုက်ကာ
“ လုမန်က ငါ့ရုံးခန်းထဲကိုလိုက်ခဲ့ပြီး တုလင်းနဲ့ အစီအစဥ်အကြောင်း အသေးစိတ်ကို လာအတည်ပြုပါ ”

ထို့နောက် လုမန် ဟန်ကျိုးလီနှင့်ထွက်သွားကာ သိုက်ယီးရန် နှုတ်ခမ်းတွေ မဲ့လျက် ကျန်ခဲ့၏။

အစ်မလိ၊ အစ်ကိုကျန်းနှင့် တခြားသူတွေကမူ သူမကို တစ်ချက်ပဲ ကြည့်ပြီး သူတို့အလုပ်စားပွဲတွေဆီကို ပြန်ကာ လုပ်လက်စအလုပ်တွေ ဆက်လုပ်ကြသည်။

အရင်က သူတို့ လုမန်ကို မနှစ်သက်ခဲ့ကြပေ။ သို့သော်လည်း သိုက်ယီးရန်နှင့် ဒီလိုဖြစ်ပြီးသည့်နောက်မှာ လုမန်နှင့်ပတ်သက်ပြီး သူတို့အမြင်တွေ သဘောထားတွေ ပြောင်းလဲသွားခဲ့၏။

***

လုမန် သူ့နောက်ကနေ ထိပ်ဆုံးထပ်ကို လိုက်သွားခဲ့သည်။ ဟန်ကျိုးလီက သူ့ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး လိုက်ဝင်ခဲ့ဖို့ လက်ဟန်ပြ၏။

သူမ အထဲဝင်လိုက်သည်။ ပြီးတော့ တံခါးပိတ်ဖို့ ဟိုဘက်ပြန်လှည့်လိုက်ချိန်မှာ ဟန်ကျိုးလီက ရုတ်တရက် ဆွဲလှည့်ပြီး တံခါးမှာ ဖိကပ်ချုပ်၏။ 

ထိုမှစခဲ့သော အချစ်များစွာသည် Nơi câu chuyện tồn tại. Hãy khám phá bây giờ