အပိုင်း(၂၄)

Start from the beginning
                                    

"အမ် အမ် I Nge Chit Oo loveကဘာကြီးလဲ I love Nge Chit Ooဖြစ်ရမှာမဟုတ်ဘူးလား မင်းဟာက"

ထိုက်စံရဲ့အမေးစကားကြီးမှာ ကျွန်တော်ကြက်ကြီးလည်လိမ်သလို ဖြစ်သွားသည်။ရှက်ရှက်နဲ့ ခေါင်းတစ်ချက်ကုတ်လိုက်ရင်း

"အဟမ်း ငါနဲ့အတူတူတွဲထားချင်လို့အဲ့လိုရေးထားတာကွာ အဲ့ဒါကြောင့် Loveကိုနောက်ပို့ထားတာ မင်း လျှာကိုရှည်တယ်"

"အောင်မလေးဟ အဲ့လောက်ဖြစ်ပျက်နေတာ သွားဖွင့်ပြောလိုက်ပါလား"

"ငါပြောပြီးပြီးလေ မင်းကို"

"မင်းကြပ်ကြပ်လုပ် ဟိုကပါသွားမှထိုင်ငိုမနေနဲ့"

"သူ့စိတ်နဲ့သူဘဲလေကွာ ငါမပိုင်ဘူး ဟျောင့်ရ သူအခြားတစ်ယောက်ရွေးလဲ ဘာဖြစ်လဲ သူ့စိတ်ပဲ"

"အဲ့တာတော့အဲ့တာပေါ့ကွ.."

"ဒီလောကမှာဘယ်အရာကရော စွဲစွဲမြဲမြဲရှိနေလို့လဲ လူတောင်မှ အပုပ်ကောင်ရုပ်ဆောင်ထားတာ ဘယ်အရာမှ တသတ်မှတ်ထဲမရှိဘူး"

"အေး မပုပ်ခင်တော့ အုပ်သင့်ရင်အုပ်ရမှာပဲ လွမ်းစေသော်ရ"

"ဟာ...ဘာအုပ်ရမှာလဲ မအုပ်ချင်ပါဘူး"

"တော်တော် မင်းနဲ့စကားပြောရတာ ငါစိတ်မရှည်တော့ဘူး "

ကြေနေတဲ့ စာအုပ်အဖုံးကို ပြန်ဖိရင်း ကျွန်တော် ဘာမှပြန်ပြောမနေတော့။

"ကိုလွမ်း ကိုလွမ်း"

"ဘာလဲကွာ"

"ဒီနေ့အတန်းလစ်ရအောင်"

"ဘာလို့လဲ"

"ဂိမ်းဆိုင်သွားရအောင်"

"ဟာ တော်တော် မလုပ်နဲ့ ချစ်ငယ်ဆူလိမ့်မယ်ကွ"

"ဂိမ်းအသစ်တွေ ထွက်နေပြီ သွားဆော့ရအောင်"

"မင်းကမခံစားဖူးတော့ မသိဘူး တော်ပြီ ငါအဆူခံရလိမ့်မယ်ကွ ချစ်ငယ် သိရင်မလွယ်ဘူး"

"ဒီနေ့တစ်ရက်ပဲ လုပ်ပါကွာ မင်းကလည်း ဆော့ရအောင်လို့ နော် နော်"

ဘေးမှနေ၍ ကျွန်တော့်ပုခုံးကိုမှီလိုက် ကျွန်တော့်ကိုယ့်ကို ဆွဲရမ်းလိုက်နဲ့ တနော်နော်နဲ့ မရမကပြောနေတာ ကြာတော့ ကျွန်တော် နားတွေပူလာသည်။ချစ်ငယ် နားပူနားဆာလုပ်တာ သည်းခံနိုင်သော်ငှား ထိုက်စံရဲ့ နားပူနားဆာခံနေရသည်ကိုတော့ သည်းမခံနိုင်။ဂုတ်ကို ဖြန်းကနဲမြည်အောင် တစ်ချက်ချလိုက်တော့ ငြိမ်ကျသွားသည်။ဟုတ်တယ်။နားငြီးလာပြီ။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now