အပိုင်း(၂၄)

16.9K 1.2K 118
                                    

Unicode

တစ်ယောက်ဆ၊နှစ်ယောက်ဆသာရှိတဲ့ စာသင်ခန်းထဲ ကော်ရရှင်ဘူး ခလောက်သံက တစ်ခန်းလုံးပျံ့လွင့်လျက်။စာရေးခုံပေါ် ကော်ရရှင်ဘူးကို တေ့ထားတာက အနုပညာမြောက်တော့မဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲတော့မလို။ကိုယ့်အတွေးနဲ့ကိုယ် ရီချင်သွားတာမို့ ခပ်တိုးတိုးရယ်လိုက်ရာ တိတ်ဆိတ်လွန်းတဲ့ အခန်းမှာ ကျွန်တော့်ရယ်သံဖြင့် ကြီးစိုးသွား၏။ အခန်းထဲရှိနေတဲ့သူတွေက ကျွန်တော့်ကို သည်ကောင်ဘာလား ဟူပြီး ခပ်ကြောင်ကြောင်ငေးကြည့်ချင်ကြည့်နေလိမ့်မည်။ ပုံမှန်ဆိုကျောင်း ခေါင်းလောင်းမတီးခင် ချစ်ငယ်ဆီ သွားတက်သော်ငှား ယခုမူ စာမေးပွဲနီးနေပြီမို့  အားတိုင်းစာလုပ်နေတက်တဲ့ စာကြမ်းပိုးလေးကို မနှောက်ယှက်ချင်တော့။

ပျင်းပျင်းနဲ့ စာရေးခုံပေါ် ကော်ရရှင်ဘူးနဲ့မဟုတ်တာတွေရော ဟုတ်တာတွေရောတွေးရင်း ဟိုခြစ်ဒီခြစ်လုပ်နေလိုက်၏။အဲ့နေ့ညက ကျွန်တော့်ခံစားချက်တွေ မရေရာခဲ့၊ပျော်နေခဲ့တာလား၊ကြောက်နေခဲ့တာလား။"ငါချစ်တဲ့သူက ယောင်္ကျားလေး ဖြစ်ချင်ဖြစ်နိုင်တာပဲလေ"ဆိုတဲ့နောက်မှာ ထိုက်စံတို့တစ်ဖွဲ့ရဲ့ "ကိုလွမ်းတို့ ဟိုမှာ"ဆိုတဲ့ အော်သံနဲ့အတူ တစ်ဖွဲ့လုံးရောက်ချလာသည်မို့ ကျွန်တော်နဲ့ချစ်ငယ်စကားစ ပျက်သွားခဲ့သည်။ကျွန်တော် သက်ပြင်းတစ်ချက်ချလိုက်မိ၏။လူတစ်ယောက်ကိုချစ်မိရုံပဲ။ဒါပေမဲ့ ချစ်မိရုံဆိုတဲ့ စကားမှာ ဘာလို့ ကျွန်တော်တို့ကျမှ အဲ့လောက်ခက်ခဲနေရတာလဲ။

"ဟျောင့် ဘာတွေလုပ်နေတာလဲ အဲ့လောက်သည်းကြီးမည်းကြီး"

အတွေးများနေစဥ် ဂုတ်ပိုးချခံလိုက်ရသည်မို့ လူကလန့်ကာ တုန်ကနဲ။ဒီကောင် အလန့်တကြား။စားပွဲခုံပေါ်ပြန်ကြည့်လိုက်ရင်း ကျွန်တော် မျက်လုံးပြူးမျက်စံပြူးနဲ့ပြာသလဲလဲ အမြန်ပင် စာအုပ်နဲ့အုပ်လိုက်ရတော့သည်။ဘုရားရေ...ငါဘာတွေရေးမိလိုက်တာလဲ။

"အောင်မာ ဘာတွေလုပ်ထားလို့ ဖုံးနေရတာလဲ ပြစမ်း ပြစမ်း"

"အေး မလုပ်နဲ့နော် ဖယ်"

အခန်းထဲ ကျွန်တော်နဲ့ထိုက်စံရဲ့ ငြင်းခုန်နေတဲ့ အသံတွေက ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။နောက်ဆုံးတွင် မတက်နိုင်စွာ ကျွန်တော့်စာအုပ်ပြဲသွားမည်စိုး၍ အလျော့ပေးလိုက်ရ၏။အရင်က စာအုပ်ပျောက်တောင်မဖြုန်တဲ့ကျွန်တော်က ယခုမူ စာအုပ်ပြဲမှာတောင် ကြောက်နေရပြီ။အကြောင်းအရင်းမှာ ကျွန်တော့်ရဲ့နှလုံးသားပိုင်ရှင် ချစ်ငယ်ကြောင့်သာ ဖြစ်သည်။အိမ်စာမလုပ်ရင်တောင် နားပူအောင် ပြောတတ်လွန်းလို့ ။စာအုပ်ပြဲကြည့်ပါလား  ပြောလိုက်မဲ့ဖြစ်ခြင်း။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now