အပိုင်း(၁၂)

20.5K 1.2K 74
                                    

Unicode

ဥဩငှက်သံတလွင်လွင် နဲ့ ညောင်ပင်ကြီးဆီကနွေရာသီလေအေးများ ရိုက်ခက်၍ ထွက်ပေါ်လာတဲ့ညောင်ရွက်ရိုက်သံလေးတွေဟာ ပတ်ဝန်းကျင်အနှံ့ထွက်ပေါ်လာလျက် ရာသီဥတုလေးမှာအလွန်သာယာလှသည်။နွေရာသီဖြစ်သည့်တိုင် မနက်စောစောတွင်အပူချိန်သိပ်မမြင့်သော်ငှား ယခုအချိန်တွင် နေမြင့်လာပြီမို့ အပူချိန်မှာ မြင့်တတ်လာလေသည်။ အပူဒဏ်မခံနိုင်တဲ့ နုနှယ်လှတဲ့သူကို တစ်ယောက်သောသူမှ အလိုက်တသိနဲ့ သူရဲ့အင်္ကျီလက်ရှည်လေးအား ဝတ်စေကာ အပူဒဏ်ကို ကာကွယ်စေသည်။ထိုအခိုက်သည် ချစ်ခြင်းမေတ္တာတို့ကို ခံယူတဲ့သူအဖို့ ကြည်နူးစရာကောင်းလွန်း၏။

"ကိုလွမ်း မင်းညီကို ဒေါ်တာတာ သွားကြိုပေးပါလားကွယ်
ဒီက ဖောက်သည်တွေကျနေတာ မအားလို့"

"ဟုတ် တီလေး ဘယ်ချိန်သွားကြိုလိုက်ရမလဲ"

"ဆယ့်နှစ်နာရီဆင်းတာ မင်း သွားကြိုဖို့ အဆင်ပြေတယ်မလား"

"ပြေတယ် တီလေး သားတို့လည်း အရှေ့ဘက်စျေးအခုသွားမလို့"

"အေးအေး နေပူတယ်နော် ဂရုစိုက်သွားဦး"

"ဟုတ် တီလေးသွားပြီနော်"

"အေးအေး"

လွမ်းစေသော် ခေါ်ရာ၌ တစ်ကောက်ကောက်လိုက်ရင်း ငါးခြောက်တန်းထဲ ပတ်ပြနေရာက အဒေါ်ကြီး တစ်ယောက်က စျေးရောင်းနေရင်း လွမ်းစေသော်ကိုလှမ်းခေါ်သည်။
ကျွန်တော် မျက်မှန်းတန်းမိ၏။ထို အဒေါ်ကြီးသည် အန်တီခိုင်တို့အိမ် တစ်ခါတလေ လာလည်လေ့ရှိ၏ ။ လူကြီးစကားဝိုင်းထဲ လူငယ်ဖြစ်တဲ့ကျွန်တော်က သိပ်အရေးမစိုက်ပေမဲ့ အန်တီခိုင် နဲ့ ထိုအန်တီ စကားပြောပုံကြည့်အရဆို တော်တော်ရင်းနှီးသည့်ပုံပေါ်သည်။တစ်ခါတလေ အိမ်လာလည်သည့်အခါ  ကျွန်တော့်ကိုနှုတ်ဆက်တတ်ပေမဲ့ ကျွန်တော်ကလည်း လွမ်းစေသော်နားသာ အကပ်များသည်မို့ နှုတ်ဆက်ရုံအဆင့်သာ ရင်းနီးသည်။

"အဲ့အန်တီက အရင်ကအိမ်လာလည်သေးတယ်မလား"

"အင်း ဟုတ်တယ် ဒံပေါက်တောင်လာပို့သွားသေးတယ်လေ မင်း ကြိုက်တယ်မလား"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now