အပိုင်း(၁၉)

18.4K 1.1K 114
                                    

Unicode

"မှားပြန်ပြီ မှားပြန်ပြီ"

ဘုတ် ဘုတ်

"အာ့"

သဘက်ခါဆို အင်္ဂလိပ် ဂရမ်မာ စာမေးပွဲ ရှိတာမို့
ကျွန်တော်နဲ့ လွမ်းစေသော် အိမ်ရှေ့ကွတ်ပစ်တွင် ထိုင်ကာ စာလုပ်နေကြခြင်းသာ ဖြစ်သည်။  ကျွန်တော် စာလုပ်ပြီးသွားသော်လည်း မီးနင်းတောင်မကျက်ရသေးတဲ့ လွမ်းစေသော်ကြောင့် သားတစ်ယောက်ကောက်ရတဲ့ အမေကြီးတစ်ယောက်လို စိတ်ပူသွားရသည်။ ကျွန်တော်နဲ့ လွမ်းစေသော် ကွာတဲ့အချက်က ထိုအချက်ပင်။ ကိုယ့်ကိုကိုယ်အမွှန်းတင်ခြင်း မဟုတ်သော်ငှား ကျွန်တော်ကပညာလိုချင်သည်။ လွမ်းစေသော်ကကျ ထိုသို့မဟုတ်။ စာမေးပွဲနီးလျှင်တောင် အေးဆေးသာ ဖြစ်သည်။စာမရလို့  စိုးရိမ်စိတ်ဆိုတာလည်းမရှိ။ စာလုပ်ပြီဟေ့ဆိုရင်လည်း ပြီးပြီးရောလုပ်သည်။ ဥာဏ်လေးကောင်းရဲ့သားနဲ့ ပျင်းတာ ဒီကောင်။

အခုလည်း သူမရတဲ့မီးနင်းတွေကို ကျက်ဆိုတော့ အလုံးရေများလို့ မကျက်ဘူး လုပ်နေလို့ အလုံးရေခွဲကျက်ခိုင်းပြန်တော့လည်း ဆရာသမားက ကျက်တတ်တယ်။မီးနင်း ၅လုံးရတိုင်း ကျွန်တော့်ဆီစာလာပြန်တယ်။ နောက်မီးနင်း ၅လုံးရလို့ စာထပ်ပြန်လာတယ်။အရှေ့ကပြန်ပြီးသား မီးနင်းစာလုံးမေးကြည့်ရင် ဘယ်ဘိုးတော်ခေတ်မှာ မေ့ခဲ့လည်းမသိ အူကြောင်ကြောင်နဲ့မို့ စာအုပ်ကို လိပ်ပြီးခေါင်းကို နှစ်ချက်ဆင့် ရိုက်ချလိုက်တယ်။ဟုတ်တယ်။ကျွန်တော် စိတ်မရှည်တော့ဘူး။

"သေချာကျက်ပါဆို"

"ကျက်တာဘဲလေ ချစ်ငယ်ရ"

"အဲ့တာဆိုရ ရမှာလေ "

လွမ်းစေသော်က ရိုက်ခံလိုက်ရလို့ ပိပြားနေတဲ့ ဆံပင်ကိုပြန်ဖွရင်း

"ဒီလောက်ရိုက်နေမှတော့ ငါကဘယ်လိုလုပ်ရတော့မှာလဲ"

ကိုယ့်လက်စ ကိုယ်သိတယ်။ကျွန်တော်ရိုက်တာသာသာလေး လွမ်းစေသော် ပလီနေတာ။အမြင်ကတ်ကတ်နဲ့ ခေါင်းကို ခပ်ဆတ်ဆတ်လေး ထပ်ရိုက်လိုက်သည်။

"ကဲကွာ ကဲကွာ"

ဘုတ် ဘုတ်

"အာ့ ချစ်ငယ်ကလည်းကွာ နာပါတယ်ဆို"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now