အပိုင်း(၂)

43.6K 2.4K 157
                                    

Unicode

"မေမေ့ကိုမစိုးရိမ်နဲ့ မေမေအလုပ်လေးဖြတ်ပြီးရင် သားဆီလိုက်လာခဲ့မယ် ပြီးရင် မုံရွာမှာအခြေချကြမယ်"

"အင် မေမေ အဲ့လောက်ကြီးထိ"

"လိုတယ် သား မေမေဆီကသားကိုလုသွားမှာကြောက်တယ်"

"ဟုတ်ကဲ့ မေမေ့သဘောပါ"

ထိုအကြောင်းအရင်းဖြင့် ကျွန်တော်မုံရွာသွားဖို့ အကြောင်းဖန်လာခဲ့သည်။မုံရွာသည် စစ်ကိုင်းတိုင်းရဲ့အနောက်မြောက်တိုင်းမြို့တော်လေး ဖြစ်သည်။မြို့လို့ အခေါ်ပြုသော်ငှား မြို့ကြီးပြကြီးမဟုတ်ဘဲ  အထက်အညာနယ်မြို့လေးတစ်မြို့သာ ဖြစ်သည်။တစ်ပတ်အကြာတွင် ရန်ကုန်ကနေ မုံရွာကို သွားရသည်။သည်တစ်ပတ်အတွင်း ဖေဖေကအိမ်ရှေ့ကို ချောင်းပေါက်မတတ်လာသည်။မေမေက ဖေဖေလာပြီဆိုသည်နှင့် အိမ်တံခါးတွေ အကုန်ပိတ်ပစ်သည်။နောက်ဆုံးတွင် ဖေဖေက အိမ်ပြန်သွားရတာချည်းသာ။မေမေ့ကိုစိတ်မချတဲ့ ကျွန်တော်ကလည်း အိမ်ဘေးက ဒေါ်စိန်ကို "တီစိန် မေမေ့ကိုသေချာစောင့်ကြည့်ပေးပါဦး ဂရုစိုက်ပေးပါဦးနော် တီစိန် ကျွန်တော်စိတ်မချ လို့"ဟုပြောကာ မှာတော့ မေမေရောဒေါ်စိန်ကောက သဘောတကျဖြင့်ရီကြသေးသည်။

ကားထွက်ချိန်က သိပ်မလိုတော့။မေမေက ကားဂိတ်ထိလိုက်ပို့သည်။ကားထွက်မည် ဖြစ်ကြောင်းအသိပေးတော့ ကျွန်တော်ရောမေမေရော စီးမည့်ကားဆီသွားကာ အထုတ်အပိုးတွေကို ကားအောက်ခန်းဆီ သွားထားသည်။

"မေမေ ဆေးကိုမသောက်ဘဲမနေနဲ့ ပြီးတော့ ဂရုစိုက်ဦးအစားကိုပုံမှန်စား ပင်ပင်ပန်းပန်းတွေသိပ်မလုပ်နဲ့ သားစိတ်ချမယ်နော်"

"အမလေး မေ့သားရယ် စိတ်ချပါရှင် စိတ်ချပါ သားသာဟိုမှာနေရင်ဂရုစိုက် ပျော်အောင်နေနော်"

"ဟုတ် "

မေမေက အနည်းငယ်ရစ်သီလာတဲ့ မျက်ရည်စတွေကို ခပ်ဖွဖွလေးသုတ်ရင်း နှုတ်ဆက်သည်။မေမေမပါဘဲ ခရီးသွားဖူးသည်မှ ဒါပထမဆုံး။သိပ်ထွက်လေ့မရှိသည့် ခရီးတွင် မေမေမပါတော့ တစ်မျိုးတော့တစ်မျိုးပင်။ကားက လူသိပ်မစုံသေး။ခဏနေတော့ကျွန်တော့်ဘေးက ခုံလွတ်ဆီ အကိုကြီးတစ်ယောက် ဝင်ထိုင်သည်။အချိန်အားဖြင့် ၆နာရီ။မုံရွာသို့ ဦးတည်ထွက်ခွာနေပြီ။အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားရင်း နောက်နေ့သို့ကူးပြောင်းလာခဲ့သည်။အမြန်ကားပေမို့ တစ်နေရာနဲ့ တစ်နေရာ ရောက်တာ မြန်သည်။မန္တလေး နှာပေါက် အကျော် စစ်ကိုင်းရောက်တော့ စစ်ကိုင်းတံတားအသစ်ကနေ ဖြတ်သွားစဥ် စစ်ကိုင်းတောင်ကိုလည်း မြင်တွေ့ရသည်။တစ်ဖက်မှာလည်း စစ်ကိုင်းတံတားဟောင်းကြီးကို ခပ်ဝေးဝေးမှာလှမ်းမြင်ရသေးသည်။တံတားအောက်က ဧရာဝတီမြစ်ပြင်ကျယ်ကြီးနဲ့အတူ သင်္ဘောလေးတွေမှာလည်း ကစားစရာ အရုပ်သဖွယ် အဝေးမြင်ကွင်းဖြင့် တွေ့မြင်လိုက်ရ၏။အိမ်ကနေကျောင်း ကျောင်းကနေအိမ်ဘဲသွားသည့် ကျွန်တော့်အဖို့ ငေးကြည့်စရာမြင်ကွင်းတစ်ခုပင် ဖြစ်သည်။မနေနိုင်စွာ မှန်တံခါးကိုတွန်းဖွင့်လိုက်တော့ လေပူပူလေးတွေက တိုးဝင်လာသည်။စစ်ကိုင်းတံတားပေါ်မှ မြင်ရတဲ့ သဘာဝအလှတရားကိုတစိမ်စိမ့်ငေးယူကြည့်ရှုရင်း တစ်သက်တာ မမေ့နိုင်တဲ့ ခရီးစဥ်တစ်ခုပင် ဖြစ်သွားသည်။စစ်ကိုင်းတံတားကျော်တွင် ကားမှန်ကို ပြန်ပိတ်လိုက်၏။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now