အပိုင်း(၃၂)

19.4K 1.1K 137
                                    

Unicode

နှာဖျားကနေ တစ်ဆင့်လေကို တဝကြီးရှူသွင်းရင်း  မသိမသာသက်ပြင်းချမိကာ တိတ်ဆိတ်နေတဲ့အနေအထားကို မြန်မြန်ပြီးဆုံးသွားဖို့ ကျွန်တော်ဆုတောင်းနေမိ၏။သွပ်မိုးပေါ် တဖွဲဖွဲကျရောက်နေတဲ့ မိုးသံတပေါက်ပေါက်က တံခါးပေါက်တွေ အလုံပိတ်ထားတဲ့ ကျွန်တော်တို့အိမ်ထဲ သိပ်တော့တိုးမပေါက်။သို့သော် ကျွန်တော်တို့ အိမ်တွင်းရေးအခြေအနေက ဒီမိုးထက် ပိုပြီးဆိုးနေမလား။
ရာသီဥတုကြောင့်ဘဲလား စိတ်ကြောင့်ဘဲလား အေးစက်နေတဲ့ ချစ်ရသူလက်ကို အနွေးဓါတ်ပေးစေလို  ကျွန်တော့်လက်ဖဝါးပြင်နဲ့ တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားရင်း အခြေအနေကိုအကဲခတ်သလို အမေ့မျက်နှာကို ကြည့်လိုက်ပါက စိတ်ပျက်အားလျော့ခြင်းတွေကို ကျွန်တော်တွေ့လိုက်ရသည်။ပုံမှန်အခြေအနေမဟုတ်တဲ့ အခြေနေတစ်ခုမှာ အနေခက်သလိုလိုတော့ ရှိလှသည်။ ရေဓါတ်ဆုံးရှုံးသွားသလို  ခြောက်ကပ်နေတဲ့အာခေါင်ထဲ တံတွေးတစ်ချက်မြိုချရင်း နှုတ်ခမ်းတစ်ချက်သပ်ကာ

"အမေ ကျွန်တော် တောင်းပန်ပါတယ် "

"ငါမင်းကိုအတန်တန်တားတယ်နော် ကိုလွမ်း ဒီလောက်တားနေတဲ့ကြားက...ဟင်း..မင်းတို့ ကိုယ့်ကိုကိုယ် ဘာတွေလုပ်နေကြလဲဆိုတာ သိကြသေးရဲ့လား ဘာလို့အဲ့လောက်မိုက်ရူးရဲဆန်ကြရတာလဲ  ဟမ်"

ဒီစကားတွေကို ကျွန်တော်နားမထောင်ချင်တော့သလို မျက်နှာလွှဲမိ၏။မဟုတ်ဘူး ကျွန်တော့်ဘေးက ချစ်ငယ်ကို ဒီလိုစကားတွေမကြားစေချင်တာ လို့ပြောရင်ပိုမှန်မယ်။ ကျွန်တော်တို့အချစ်က မစစ်မမှန်လို့လား ဒါမှမဟုတ် ယောင်္ကျားလေးဖြစ်နေလို့လား ဒါကခိုင်မာတဲ့အကြောင်းပြချက်ဆိုရင် အဲ့လိုလူတွေကိုကျွန်တော်မေးကြည့်ချင်တယ်။အချစ်ကိုဘယ်လိုသတ်မှတ်သလဲလို့လေ။ ကျွန်တော့်တို့အချစ််တွေက ဒီလိုစကားတွေနဲ့ တားမြစ်ဖို့ ထိုက်တန်ရဲ့လား။ ကျွန်တော် မစဥ်းစားတက်တော့။ ကျွန်တော်တို့လည်း အချစ်နဲ့ပတ်သတ်ရင် နာကျင်ရတယ်။ငိုရတယ်။ပျော်ရတယ်။ကြည်နူးရတယ်။လွမ်းဆွေးရတယ်။ ပုံမှန်ပါပဲ လူတစ်ယောက်ကိုချစ်သလို ခံစားရတာပဲလေ ပုံမှန်ပါပဲ။ ဒါကို အမေအပါအဝင် အဲ့လိုလူတွေနားလည်ဖို့ကောင်းသည်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now