အပိုင်း(၂၅)

17.9K 1.1K 86
                                    

Unicode

ခရီးဆောင်အိတ်ကို လက်တစ်ဖက်နဲ့ မနိုင်မနင်းဆွဲရင်း ခြေတစ်လှမ်းစာအပြုတွင် ဖိနပ်ကြားသဲတွေ ဝင်လာတော့ မနေတတ်စွာ ခါထုတ်ပစ်လိုက်၏။ဝင်ရောက်လာတဲ့ လတ်လတ်ဆတ်ဆတ်လေထု။တစ်လျှောက်လုံး ပင်ပန်းလာသမျှအကုန်သယ်ဆောင်သွားသလို လေကို တစ်ဝကြီးရှုရှိုက်ရင်း ခပ်လှမ်းလှမ်းက ရေပြင်ကျယ်ကြီးကို ငေးကြည့်နေတာ မမြင်ဖူးတဲ့လူ တစ်ယောက်လို။တောသားမြို့ရောက်ဆိုတာ ဒါပြောတာဖြစ်မယ်။ ၂နှစ်အကြာမှာပထမဆုံး ခရီးထွက်ခြင်း။ပြောရရင်၁၀တန်းစာမေးပွဲပြီးလို့ ကျွန်တော်နဲ့လွမ်းစေသော်တို့တစ်ဖွဲ့ ငပ္ပလီကမ်းခြေကို အပန်းဖြေခရီးထွက်ဖို့ တိုင်ပင်ဖြစ်သည်။ထုံကျင်လာတဲ့လက်နဲ့အတူ ခရီးဆောင်အိတ်ကို လွှတ်ချချင်ပေမဲ့ အမိန့်မပေးဘဲ ချက်ချင်းရောက်လာမဲ့သူအကြောင်းကို သိတာမို့ ကျွန်တော် လွှတ်မချဖြစ်တော့။လွမ်းစေသော် သိတတ်မှုကို ကျွန်တော်သိတယ်။ပေါင်မုန့်ကားထဲကနေ အထုတ်ကြီးအထုတ်ငယ်ကိုင်ဆွဲကာ အရိပ်အောက်နားနေတဲ့ ကျွန်တော်ဆီလျှောက်လာပုံက မော်ဒယ်ရှိုးလျှောက်နေသလို။ကွာတားဘောင်းဘီအဖြူနဲ့ သင်္ကြန်စတိုင်လို ပန်းပွင့်အခက်တွေပါတဲ့ အင်္ကျီတွဲဝတ်ထားပုံက အခြားသူသာဆို ကြောင်တောင်တောင်နိုင်ပေမဲ့ လွမ်းစေသော်ဝတ်တော့ တစ်မျိုးကြည့်ကောင်းနေပြန်၏။
ကြယ်သီးအပြည့်တပ်မထားပဲ ကောင်မလေးတွေခိုက်အောင် ရင်ညွှန့်အထိ ဟထားတာက ကျွန်တော့်ကို စိတ်ရှုတ်စေတာအမှန်။စပ်ဖြီးဖြီးနဲ့ လျှောက်လာတဲ့သူကို ကျွန်တော်ဘူတောတောကြည့်လျှင် မျက်ခုံးကိုတစ်ချက်ပင့်ရင်း မျက်စိတစ်ဖက်မှိတ်ပြလာလိမ့်မည်။ရှည်သည်ဆိုတာ ထက်ရှည်နေတဲ့ သူကို ကျွန်တော်ခပ်မော့မော့ကြည့်ရင်း

"မင်း ပဲအရမ်းများတယ်ကွာ လွမ်းစေသော်"

"ဘယ်လိုလဲ ကြွေသွားပြီမလား"

ညတိုင်း ပုံပျက်ပန်းပျက် ကုလားသေကုလားမောအိပ်တတ်တဲ့ ပုံကိုတောင် ကြွေနေတဲ့ကျွန်တော်ကဘာမှပြန်မပြောဖြစ်တော့။ညာလက်ကအိတ်ကို ဘယ်လက်သို့ပြောင်းကိုင်လျှင် အလိုက်သိတဲ့ကိုယ်တော်က

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now