birthday 🎂

206 10 0
                                    

ဒီနေ့က အစ်မမွေးနေ့
ဒါပေမယ့် တခြားအဓိပ္ပါယ်တွေအများကြီးရှိသေးတယ်
ဒီလဟာ အစ်မနဲ့စတွေ့တာ တစ်နှစ်‌ပြည့်တဲ့လ
ဒီနေ့ဟာ အစ်မကိုသဘောကျမိတာ တစ်နှစ်ပြည့်တဲ့နေ့
မှတ်မှတ်ရရ မနှစ်ကဒီလိုနေ့မှာ
အစ်မကြောင့်ရင်တွေခုန်ခဲ့ရတယ် အချစ်ကိုစသိခဲ့ရတယ်
တစ်နှစ်ကုန်သွားခဲ့တာတောင် ညီမမပြောင်းလဲခဲ့ဘူး အစ်မ
တနေ့ထက်တနေ့ ပိုသဘောကျလာတာကလွဲလို့
ရိုးအီသွားတယ်ဆိုတာမျိုး မရှိခဲ့ဘူး
အချိန်တွေကအကုန်မြန်သလိုပဲနော်
အစ်မနဲ့စတွေ့ခဲ့တာ မနေ့တနေ့ကလိုပဲ ခုထိနွေးထွေးနေတုန်း

ဒီနေ့အစ်မနဲ့အပြင်သွားပြီး အချိန်ဖြုန်းခဲ့တယ်
အစ်မစိတ်ကြိုက်လက်ဆောင်ကို
အစ်မကိုယ်တိုင်ရွေးစေပြီး ၀ယ်ပေးခဲ့တယ်
ဆံပင်လုပ်ချင်တယ်ဆိုလို့ ဆံပင်ညှပ်ဆိုင်ကို နှစ်ရက်အလိုလောက်ထဲက ကြိုရှာထားပြီး ဒီနေ့ခေါ်သွားပေးခဲ့တယ်
စိတ်မရှည်တတ်တဲ့ညီမက ဆံပင်ညှပ်ဆိုင်မှာ အစ်မကိုနှစ်နာရီလုံးလုံးထိုင်စောင့်ခဲ့တယ်တဲ့လေ
ဒါပေမယ့် ညီမစိတ်ငြိုငြင်တာမျိုးနည်းနည်းလေးမှ မရှိခဲ့ဘူး
အစ်မကိုမြင်နေရတာနဲ့တင် လုံလောက်နေခဲ့တယ်
စားသောက်ဆိုင်တွေအကုန်လူပြည့်နေတာမို့
ကိတ်ဆိုင်မှာပဲ ကိတ်မုန့်နဲ့အအေး၀င်သောက်ခဲ့ရပေမယ့် ကိတ်ကအရသာရှိတယ်ဆိုပြီး အများကြီးစားတာမြင်ရတော့ စိတ်သက်သာရာရမိတယ်
အစ်မနဲ့အတူရှိခဲ့တာ လေးနာရီလောက်ပဲဆိုပေမယ့်
ညီမအဲ့အချိန်အတွင်းမှာ အများကြီးပြုံးခဲ့ရတယ်
အများကြီးရယ်မောခဲ့ရတယ်
အများကြီး စိတ်အေးချမ်းခဲ့ရတယ်
ကုန်ဆုံးခဲ့တဲ့ တစ်နှစ်အတွင်းမှာ အစ်မကြောင့်နာကျင်ခဲ့ရတာတွေရှိရင်တောင်
ညီမပြန်ရခဲ့တဲ့ပျော်ရွှင်မှုတွေနဲ့ယှဉ်ရင် အစ်မပြန်ပေးတာတွေကတောင်ပိုနေပါသေးတယ် အစ်မရယ်

ညီမက ဒီလိုအခြေအနေ ဒီလိုပုံစံနဲ့
အစ်မဘေးမှာနေရတာ ကျင့်သားရနေပါပြီ
အစ်မ ညီမကိုပြန်ချစ်ချစ် မချစ်ချစ် အရေးမကြီးတော့ဘူး
အဖြေကဘာပဲဖြစ်နေပါစေ ညီမကအစ်မဘေးနားမှာပဲ တသက်လုံးရှိနေမှာ
ညီမတစ်ယောက်လိုအပ်ရင် ညီမတစ်ယောက်လို
သူငယ်ချင်းလိုအပ်ရင် သူငယ်ချင်းလို
မိသားစုလိုအပ်ရင် မိသားစုတစ်ယောက်လို
ချစ်ပေးမယ့်သူလိုအပ်ရင်လည်း ချစ်သူဖြစ်ပေးမှာပေါ့
ညီမပုံစံပြောင်းပြီးနေပေးလိုက်ရုံပါပဲ
အဓိကက အစ်မအနားမှာဖြစ်နေဖို့ပဲလိုတာပါ
သိတယ်မလား ညီမစိတ်ကို...

အစ်မ (သို့) "မ"Where stories live. Discover now