Memories with u

199 8 0
                                    

အစ်မ သိလား?
ဒီနေ့က အစ်မဘ၀ထဲ၀င်လာတဲ့အချိန်ကနေ အခုချိန်ထိ
အကျေနပ်ရဆုံးနေ့တစ်နေ့ပါ
နောက်ဆုံးတော့ အစ်မနဲ့ကော်ဖီဆိုင်မှာဒိတ်ချင်တဲ့
ညီမရဲ့အိမ်မက်လေး ပြည့်သွားခဲ့ပြီ
ဘယ်လောက်တောင်မျှော်လင့်ခဲ့ရလဲ အစ်မသိရဲ့လား?
အစ်မနဲ့တစ်မနက်လုံးအတူရှိခွင့်ရပြီး အစ်မနဲ့လျှောက်လည်ရတာ ညီမဘယ်လောက်ကျေနပ်နေလဲဆိုတာရိပ်မိရဲ့လား?

ကော်ဖီမကြိုက်တဲ့ညီမက အစ်မနဲ့တော့ ကော်ဖီဒိတ်လေးလုပ်ချင်ခဲ့မိတာ
တကယ်ဖြစ်လာတော့ ယုံတောင်မယုံချင်ဘူး
ညီမတို့ဆုံတိုင်း ဘယ်တော့မှဓါတ်ပုံမရိုက်ဖြစ်ကြပေမယ့်
ဒီနေ့တော့ ဓါတ်ပုံတွေရိုက်ဖြစ်ခဲ့တယ်နော်
အစ်မဘေးနားမှာထိုင်ရင်း အစ်မနဲ့အတူရယ်မောရင်း
အစ်မနဲ့စကားတွေအများကြီးပြောရင်း
ညီမက အရူးတယောက်လို အရမ်းပျော်နေခဲ့တာပါ

ဖြစ်နိုင်ရင် အချိန်တွေရပ်သွားတာဖြစ်ဖြစ်
ဒီနေ့ကိုပဲ ထပ်ခါထပ်ခါပြန်ရောက်တာပဲဖြစ်ဖြစ်
ဖြစ်စေချင်မိတယ်
အချိန်တွေကလည်း အစ်မနဲ့အတူရှိတဲ့အချိန်တွေဆို
အကုန်မြန်လိုက်တာလို့ တွေးမိတယ်
ဒီလိုအခြေအနေလေးကို သဘောကျတယ်
အစ်မလည်းညီမကိုမငြင်းသလို ညီမလည်းရှေ့ဆက်မတိုးဘူး
ဒါပေမယ့် ညီမတို့နှစ်ယောက်လုံးပျော်နေရတယ်မလား?
အဓိကက အစ်မပျော်နေရတယ်မလား?

ဒီနေ့ပြောခဲ့တဲ့စကားတွေထဲမှာ အစ်မကိုလူကောင်းတစ်ယောက်နဲ့တွေ့စေချင်တယ်ဆိုတာ
အမှန်က လိမ်တာပါ
အတ္တကြီးစွာပြောရရင်တော့ အစ်မဘေးမှာတစ်ယောက်မှမမြင်ချင်ဘူး
ဒါပေမယ့်လည်း ညီမရဲ့အတ္တကို အချစ်ကဖုံးသွားနိုင်ခဲ့တယ်
အစ်မကိုဘယ်သူမှလာမကြိုက်စေချင်ပေမယ့်လည်း အစ်မကိုဂရုစိုက်ပေးမယ့်သူတွေရှိတာ
အစ်မအတွက် ကောင်းတဲ့ကိစ္စပဲလေ
အနည်းဆုံးတော့ ညီမအနားမှာမရှိတဲ့အချိန်
အစ်မ တစ်ယောက်ထဲဖြစ်မနေတော့ဘူးပေါ့
အာ့ကြောင့် ညီမရဲ့သ၀န်တိုမှုတွေကို ညီမရင်ထဲမှာပဲသိမ်းထားလိုက်တော့မယ်
အစ်မမြင်ရမယ့်အရာက ညီမရဲ့အချစ်တစ်ခုတည်းပဲ

ညီမ ဘာလို့မျှော်လင့်ချက်မရှိတဲ့လူကို စွဲလမ်းနေရတာလဲလို့မေးရင်
ညီမလုပ်နေတာတွေအားလုံးက စွဲလမ်းမှုသက်သက်မဟုတ်ဘူးဆိုတာ သိစေချင်တယ်
အစ်မနဲ့ဒီလိုမျိုး အမှတ်တရတွေဖန်တီးနေတာက
အစ်မအချစ်ကိုရချင်ရုံသက်သက်မှမဟုတ်တာ
ညီမဦး‌နှောက်နဲ့နှလုံးသားထဲမှာသိမ်းထားချင်ရုံသက်သက်ပါ
ဒါမှ တစ်ချိန်ချိန် အကြောင်းအမျိုးမျိုးကြောင့်
ညီမတို့မတွေ့ဖြစ်တော့ရင် စကားမပြောဖြစ်တော့ရင်
အစ်မကိုလွမ်းတဲ့အချိန်တိုင်း ညီမထုတ်ကြည့်လို့ရတယ်လေ
ညီမလုပ်တာတွေအားလုံးက အစ်မနဲ့မဝေးခင်လေးမှာ
အစ်မနဲ့အတူလုပ်သွားချင်တဲ့အရာလေးတွေပါ
ဝေးကွာဖို့များတယ်ဆိုတာ ညီမတို့နှစ်ယောက်လုံးသိနေပြီးသားပဲမဟုတ်လား?

အစ်မ (သို့) "မ"Where stories live. Discover now