All I need is "her"

241 13 0
                                    

အစ်မနဲ့ ညီမရဲ့ဆက်ဆံရေးက ထူးမခြားနားဆိုပေမယ့်
ညီမအခုတလော အရမ်းပျော်တယ်
အစ်မကိုအချိန်မရွေးဖုန်းဆက်ခွင့်လည်းရှိတယ်
ဖုန်းပြောရင်လည်း အကြာကြီးပြောပေးတယ်
တချို့နေ့တွေဆို vcလေးတောင်ခေါ်လိုက်သေး
သင်တန်းကအိမ်စာပေးလိုက်တဲ့နေ့တွေဆို
အစ်မနဲ့တနေကုန်ဖုန်းခေါ်ပြီး စာလုပ်လို့ရတယ်
အစ်မကြောင့်နဲ့ အိမ်စာအများကြီးပေးတဲ့နေ့တွေမှာတောင်
စိတ်ပျော်ခဲ့ရပါတယ်

ဘ၀မှာပထမဆုံး အစ်မနဲ့လှည်းတန်းမှာdateလုပ်ခဲ့တယ်
Dateလို့ဆိုပေမယ့် နှစ်ယောက်ထဲတော့မဟုတ်ဘူးပေါ့
ပြီးတော့ ညီမမွေးနေ့ဆိုတဲ့အကြောင်းပြချက်နဲ့
အစ်မနဲ့အတူ မုန့်အတူတူစားချင်ရုံလေးပါ
ညီမခေါ်လာတဲ့ဆိုင်လေးကို သဘောကျတယ်ဆိုလို့
ညီမမှာ ပြောမပြတတ်အောင်ပျော်ရပါတယ်
အစ်မနဲ့ဘီယာတူတူသောက်ဖြစ်ခဲ့ပေမယ့်
အစ်မက ညီမထက်ပိုသောက်နိုင်လို့ မူးသွားတယ်နဲ့တူပါရဲ့
ညီမကိုလာချွဲနေလိုက်တာဆိုတာ
ပြန်တောင်အမူးမပြေစေချင်တဲ့အထိပါပဲ....

ဒီရက်ပိုင်း အစ်မကျန်းမာရေးမကောင်းဘူးနော်
ခနခနဖျားလိုက် ခေါင်းကိုက်လိုက် ရင်ဘတ်အောင့်လိုက်နဲ့
အစ်မအဲ့လိုဖြစ်ရင် ညီမမှာခြေမကိုင်မိလက်မကိုင်မိနဲ့
ကိုယ့်ကိုကိုယ်လည်း ဘာမှမလုပ်ပေးနိုင်လို့စိတ်တိုတယ်
အစ်မ အခုတလော စိတ်ညစ်နေတာကိုလည်းသိတယ်
အဲ့လိုအချိန်ရောက်တိုင်း ဘာစကားမှမပြောဘဲ ဘေးနားမှာပဲ
အရိပ်တကြည့်ကြည့်နဲ့ နေပေးဖြစ်တယ်....

အမှန်တိုင်းပြောရရင် ညီမပျော်ပါတယ်
သင်တန်းမစခင် အမြဲတမ်းတုံးနေတတ်တဲ့ အစ်မရဲ့ခဲတံကို
အလိုက်တသိချွန်ပေးရတာလည်း ပျော်တယ်
ဆရာစာမေးရင် စာမေ့မှာကိုစိတ်ပူနေတတ်တဲ့ အစ်မကို စာမေးပေးရတာလည်း ပျော်တယ်
သင်တန်းဆင်းရင် အစ်မရဲ့နောက်ကျောကို မျက်စိရှေ့ကပျောက်သွားတဲ့အထိ
ကြည့်ရတာကိုလည်း ပျော်ပါတယ်
အစ်မနဲ့ပတ်သက်ရင် အရာရာတိုင်းကကျေနပ်စရာကို
ကောင်းနေတော့တာပါပဲ.....

အမှန်တိုင်းပြောရရင် ညီမပျော်ပါတယ်သင်တန်းမစခင် အမြဲတမ်းတုံးနေတတ်တဲ့ အစ်မရဲ့ခဲတံကိုအလိုက်တသိချွန်ပေးရတာလည်း ပျော်တယ် ဆရာစာမေးရင် စာမေ့မှာကိုစိတ်ပူနေတတ်တဲ့ အစ်မကို စာမေးပေးရတာလည်း ပျော်တယ် သင်တန်းဆင်းရင် အစ်မရဲ့နောက်ကျောကို မျက်စိရှေ့ကပျောက်သွားတဲ့အထ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အစ်မ (သို့) "မ"Where stories live. Discover now