Just...💔

295 12 0
                                    

အဖြစ်အပျက်တွေကမြန်ဆန်လွန်းတယ်
အစ်မနဲ့ချစ်သူတွေဖြစ်သွားပြီလို့ထင်ခဲ့မိတဲ့နေ့က မနေ့တနေ့ကလိုပဲ ပြန်စဉ်းစားကြည့်ရင်အခုထိနာကျင်ရတုန်း
ဒီအတောအတွင်း ပွင့်ပွင့်လင်းလင်းမပြောခဲ့မိကြဘူး
အစ်မကိုချစ်ပါတယ်လို့တရား၀င်ဖွင့်ပြောမိတဲ့နေ့
အစ်မဆီကအချစ်တွေက ညီမလေးတစ်ယောက်ထက်မပိုတာကိုသိခဲ့တဲ့ အဲ့ဒီနေ့
ဘ၀မှာ ပထမဆုံးအချိန် ရင်ထဲကနာကျင်ခြင်းဆိုတဲ့အကြောင်းကို နားလည်နိုင်ခဲ့တယ်
အော်...၀ဍ်ကြွေးတွေကကြောက်စရာကောင်းတယ်နော်

ဒါပေမယ့် ညီမကလေ အသည်းကွဲဖူးသမျှလူတွေအားလုံးထဲမှာ ကံအကောင်းဆုံးလို့ ပြောရမလားဘဲ...
အစ်မရဲ့ဘေးမှာ အရင်အတိုင်းရှိခွင့်ရခဲ့တယ်
အစ်မရဲ့အပြုအမူတွေကလည်း ညီမအပေါ်မှာ ပြောင်းလဲမသွားခဲ့ဘူး နွေးထွေးဆဲပဲ.....
အစ်မပြောနေကြစကားတစ်ခွန်းရှိတယ်
ဘာတွေပဲဖြစ်လာလာ ညီမတို့ဆက်ဆံရေးကပြောင်းလဲမသွားနိုင်ဘူးတဲ့
အဲ့ဒါကို သိပါတယ် ဒါပေမယ့်လေ ညီမသိပ်ကြောက်တာပဲ
ညီမမဟုတ်တဲ့လူတစ်ယောက်ကို အစ်မသိပ်ချစ်မိသွားမှာကိုလေ.....

ညီမဖြစ်ချင်တဲ့ဆန္ဒကလေ
အစ်မနဲ့ချစ်သူဖြစ်ဖို့လည်း မလိုအပ်ဘူး
အစ်မဆီက ချစ်တယ်ဆိုတဲ့စကားတွေမပြောလည်းရတယ်
ချစ်သူရည်းစားဆိုတဲ့ခေါင်းစဉ်ဆိုတာ မရှိလည်းဖြစ်တာမို့
ဒီအတိုင်း အစ်မနှလုံးသားလေးထဲမှာ ညီမတစ်ယောက်ကိုပဲထည့်ပေးထားလို့မရဘူးလားဟင်?
တခြားသူတွေ အ၀င်မခံဘဲနဲ့လေ...
နောက်တစ်ယောက်ရှိနေတယ်ဆိုတာ တွေးကြည့်ရုံနဲ့တင်
ပြောမပြတတ်လောက်အောင် စိတ်တွေရှုပ်ထွေးရတယ်
သေမှာလားလို့မေးရင်တော့ မသေပါဘူး အစ်မရယ်...
ညီမရဲ့အပြုံးကို ထပ်မမြင်ရရုံလောက်ပါပဲ
ဟုတ်တယ် အဲ့လောက်ပါပဲ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အစ်မ (သို့) "မ"Where stories live. Discover now