I gave up!

213 13 1
                                    

ညီမကြောက်နေတဲ့အရာတွေ တကယ်ဖြစ်လာပြီ
အစ်မ တကယ်နေနိုင်သွားပြီပဲ
ရှားရှားပါးပါး‌ဖုန်းပြောရတဲ့အချိန်တွေမှာ
အစ်မရဲ့အေးစက်တဲ့လေသံတွေကို ညီမကြားနေရတယ်
ရှားရှားပါးပါး စာပို့ရတဲ့အချိန်တွေမှာ
ပြန်စာမလာတဲ့ အချိန်တွေကများလာတယ်
အစ်မ မရည်ရွယ်မှန်းသိပါတယ်
အလုပ်ရှုပ်နေမှန်းလည်း သိတယ်
အရင်လိုအချိန်မပေးနိုင်တော့တာလည်း သိတယ်
အစ်မရင်ထဲမှာ ညီမနည်းနည်းလေးတောင်မရှိခဲ့တာကိုလည်း
တဖြည်းဖြည်း သိလာတယ်.....

တကယ်တော့သိခဲ့တာကြာပါပြီ
မသိချင်ယောင်ဆောင်နေခဲ့တာ
အမှန်တရားကို လက်မခံလိုက်ချင်လို့
နည်းနည်းလောက်လေးဖြစ်ဖြစ် မျှော်လင့်ချင်ခဲ့မိလို့
အခုတော့ လက်မခံချင်ရင်တောင်
လက်မခံလို့မရတော့တဲ့အနေအထားဖြစ်နေတယ်
ညီမလေးဆိုလည်း ညီမလေးဖြစ်ပေးမယ်လို့ပြောခဲ့ပေမယ့်
အစ်မဆီက နည်းနည်းတော့အချစ်ခံချင်မိတာပေါ့

ညီမကိုယ်ညီမပြောင်းလဲမှရတော့မယ်လို့
စိတ်ကထင်လာတယ်
တသက်လုံး ဒီလိုမျိုးတွယ်ကပ်နေမိရင်
အစ်မလည်း စိတ်ရှုပ်ရမယ်မလား?
ညီမကလေ အစ်မကိုအပျော်ရွှင်ဆုံးဖြစ်အောင်လုပ်နိုင်တဲ့
လူတစ်ယောက်အဖြစ်နဲ့ပဲ
အစ်မရဲ့မှတ်ဉာဏ်ထဲမှာ ကျန်နေခဲ့ချင်တာ
‌အဲ့လိုသာဆိုရင် အစ်မရဲ့ဘ၀ထဲမှာ ခနလေးပဲဖြစ်ဖြစ်ပါရလည်း ကိစ္စမရှိတော့ဘူး

ပြောင်းလဲမယ်ဆိုတဲ့အထဲမှာ အစ်မကိုချစ်တဲ့အချစ်တွေမပါဘူးနော်
ချစ်ကြောင်းထုတ်ပြတာတွေကို ရပ်လိုက်ရုံပါပဲ
ဥပမာ ဖုန်းဆက်တာတွေရပ်ပစ်လိုက်တာမျိုးပေါ့
အစ်မနဲ့ ပိုဝေးသွားနိုင်မယ်မှန်းသိပါတယ်
ဒါပေမယ့် ဒါကအကောင်းဆုံးနည်းလမ်းပဲလို့ထင်တယ်
တနေ့နေ့ ညီမကိုသတိရတာပဲဖြစ်ဖြစ် စကားပြောချင်လာတာပဲဖြစ်ဖြစ်
အချိန်မရွေး ဆက်သွယ်လို့ရတာကိုတော့သိထားနော်
ညီမက အစ်မအနားကိုမလာတော့တာပဲရှိတာပါ
ဒီနေရာမှာ အမြဲတမ်းရပ်စောင့်နေတယ်ဆိုတာတော့
သိတယ်မလား?

အစ်မ (သို့) "မ"Where stories live. Discover now