Insecure

158 9 0
                                    

ဒီနေ့ ဖုန်းထဲမှာ အစ်မပြောခဲ့တာလေးကို
စိတ်ထဲစွဲပြီး ဆက်တိုက်တွေးနေမိတယ်
ဘတ်စ်ကားပေါ်မှာ ကောင်မလေးတယောက်နဲ့တွေ့ခဲ့တယ်တဲ့
သူကအရမ်းချစ်စရာကောင်းလို့ အစ်မနောက်ထပ်တွေ့ချင်မိတဲ့အထိ ဖြစ်နေခဲ့တာ
ရယ်ရယ်မောမောနဲ့ ပြန်ပြောနေပေမယ့် ညီမရင်ထဲမှာ ခံစားချက်တွေ‌ ပေါင်းစုံဖြစ်သွားတာကိုတော့ အစ်မသိမယ်မထင်ပါဘူးလေ
အဲ့ဒါက သ၀န်တိုတာလားလို့မေးရင် မဟုတ်ဘူး
ပထမဆုံး၀င်လာတဲ့ ခံစားချက်က ကြောက်တာ
အစ်မများ သူ့ကိုသဘောကျသွားပြီလားပေါ့
ဒုတိယခံစားချက်က စိတ်မလုံခြုံတာ
ညီမက သူ့လိုချစ်စရာမကောင်းသလို ရုပ်လည်းဆိုးတယ်လေ
တတိယခံစားချက်က ကျေနပ်တာ
အစ်မရဲ့တနေ့တာအကြောင်းကို အသေးစိတ်ပြောပြနေတော့
ညီမက အရေးပါတာပဲလို့ ခံစားရပြန်ကော
နောက်ခံစားချက်က အံ့ဩတာ
တခါမှ မိန်းကလေးတယောက်အကြောင်း
ပျော်ပျော်ရွှင်ရွှင်နဲ့ အစ်မမပြောခဲ့ဖူးဘူးလေ
နောက်ဆုံးခံစားချက်ကတော့ စိုးရိမ်တာ
အဲ့ကောင်မလေးနဲ့ နောက်တခေါက်ထပ်တွေ့ခဲ့ရင်
ဘာတွေများဖြစ်မလဲ
သေချာတာတစ်ခုကတော့ အစ်မသူနဲ့ရင်းနှီးသွားမှာ
နောက်ပိုင်းကိစ္စတွေကိုတော့ မတွေးတာကောင်းပါတယ်လေ

ညီမ ထပ်ပြီးအတွေးတွေလွန်နေမိပြန်ပြီ
မဖြစ်လာနိုင်တဲ့ကိစ္စတွေကို တကယ်ပါပဲ
အခုချိန်မှာ အစ်မမွေးနေ့အတွက်ပဲ အာရုံစိုက်ရမှာ
နောက်လအစ်မမွေးနေ့မှာ အစ်မနဲ့အတူအပြင်သွားဖို့
စီစဉ်ထားခဲ့ပေမယ့် အစ်မကတခြားသူနဲ့ချိန်းထားတယ်တဲ့
မကျေနပ်ချင်ပေမယ့်လည်း အစ်မကိုစိတ်ရှုပ်အောင်မလုပ်ချင်ဘူး
တခြားရက်မှာ သွားလို့ရနေတာပဲမလား
အရေးကြီးတာက အစ်မကိုပျော်အောင်လုပ်ပေးဖို့ပဲလေ
အဲ့အတွက် ညီမပိုက်ဆံစုနေတယ်
အစ်မအတွက်ရော ညီမအတွက်ရောပေါ့
ညီမအတွက်ဆိုတာက အပြင်အဆင်ကိုပြောတာပါ
အရင်ပုံစံကို နည်းနည်းပြောင်းပြီး အစ်မရှေ့သွားကြည့်မလားလို့လေ
မချောရင်တောင်မှ အနည်းဆုံး ချစ်စရာလေးလို့ထင်ကောင်းထင်နိုင်တာပဲလေ

အစ်မနဲ့ ပတ်သက်ပြီးသဘောကျရတဲ့အချက်ထဲမှာ
အဲ့ဒါလည်းပါတယ်
အစ်မက ညီမကို တဖြည်းဖြည်းနဲ့ပြောင်းလဲစေတယ်
‌ကောင်းတဲ့ပြောင်းလဲခြင်းတွေပေါ့
ပြန်စဉ်းစားကြည့်မယ်ဆိုရင် အခုလုပ်နေတာတွေတော်တော်များများက အစ်မနဲ့သက်ဆိုင်နေတယ်
အစ်မနဲ့နီးစပ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့တင် ညီမအရာအားလုံးကိုလုပ်ခဲ့တယ်
ဒီအချစ် ဘယ်လောက်ထိခံမလဲတော့မသိပေမယ့်
တချိန်ချိန်ပြန်လှည့်ကြည့်တဲ့အခါ အစ်မက ညီမချစ်ရတဲ့လူတယောက် အမြဲတမ်းဖြစ်နေမှာ

အစ်မနဲ့ ပတ်သက်ပြီးသဘောကျရတဲ့အချက်ထဲမှာ အဲ့ဒါလည်းပါတယ် အစ်မက ညီမကို တဖြည်းဖြည်းနဲ့ပြောင်းလဲစေတယ် ‌ကောင်းတဲ့ပြောင်းလဲခြင်းတွေပေါ့ ပြန်စဉ်းစားကြည့်မယ်ဆိုရင် အခုလုပ်နေတာတွေတော်တော်များများက အစ်မနဲ့သက်ဆိုင်နေတယ် အစ်မနဲ့နီးစပ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့တင် ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အစ်မ (သို့) "မ"Where stories live. Discover now