Daydream?

276 11 0
                                    

အစ်မရဲ့အကြောင်းတွေ ညီမကိုအကုန်ပြောပြတာ ဘာကြောင့်လို့ထင်လဲတဲ့
အမှန်တိုင်းပြောရရင် မသိပါဘူး အစ်မရယ်
ညီမလိုသလိုလည်း ဆွဲမတွေးလိုက်ချင်ဘူး
‌မျှော်လင့်ချက်ထားရတာက အန္တရာယ်များလွန်းပါတယ်
ဒါပေမယ့်လည်း အမှတ်မရှိတဲ့နှလုံးသားက အစ်မက ညီမကို ကြိုက်နေလောက်မလားဆိုပြီး တွေးမိပြန်ရဲ့.....
ဘယ်လိုတောင် ကိုယ့်ကိုကိုယ်အထင်ကြီးမိခဲ့ပါလိမ့်...

အစ်မနဲ့ ပထမဆုံး ဘတ်စ်ကားတူတူစီးရတဲ့နေ့...
ညီမအတွက် ရင်အခုန်ရဆုံးနေ့ဖြစ်ခဲ့တယ်
အစ်မက ညီမကိုဖွင့်ပြောမယ်အထင်နဲ့ပေါ့
အဲ့နေ့မှာ အစ်မကို lesbianတစ်ယောက်ပါလို့ ၀န်ခံခဲ့တယ်
အစ်မ သိပ်မအံ့ဩခဲ့ဘူး ရိပ်မိနေတာကြာပြီတဲ့
အစ်မ စကားတွေအများကြီးပြောနေပေမယ့်
ညီမကို ဖွင့်ပြောတယ်လို့ထင်ရတဲ့ စကားတစ်ခွန်းတောင်မပါခဲ့ဘူး
အဲ့ဒါတောင် ညီမလက်ကိုဘာလို့တချိန်လုံး ဆုပ်ကိုင်ထားပေးခဲ့တာလဲ?
အထင်လွဲအောင်လို့....

အစ်မကမေးခဲ့တယ်နော်
အစ်မ မပြောလည်းသိတယ်မလားတဲ့
အဲ့ဒီ့စကားကို ဖွင့်ပြောတယ်အထင်နဲ့ ခေါင်းငြိမ့်ခဲ့ပြီး
တစ်ယောက်တည်း စိတ်ကူးယဉ်အိမ်မက်တွေမက်ခဲ့တယ်
နောက်ပိုင်းအချိန်တွေကတော့ အစ်မရဲ့exအကြောင်းပြောရင်း ကုန်ဆုံးခဲ့တာပါပဲ
အစ်မ သူ့ကြောင့်နဲ့ အသက်ပါဆုံးရှုံးခံတော့မယ့်အထိ ဖြစ်ခဲ့တာတဲ့... မနာလိုလိုက်တာ အစ်မရယ်
အစ်မအသက်နဲ့ထပ်တူချစ်ရလောက်တဲ့အထိ သူက အရေးပါလွန်းခဲ့တာလား?

အဆုံးသတ်မှာတော့ ညီမတစ်ယောက်ထဲပါပဲ
ညီမတစ်ယောက်ထဲကပဲ စချစ်ခဲ့ပြီးတော့
ညီမတစ်ယောက်ထဲကပဲ ဆက်ချစ်နေပြီးတော့
ညီမတစ်ယောက်ထဲကပဲ စိတ်ကူးယဉ်ကမ္ဘာထဲသာယာနေခဲ့တာ
လူတွေပြောတဲ့အချစ်ရူးဆိုတာ ဒါမျိုးထင်ပါရဲ့...

အဆုံးသတ်မှာတော့ ညီမတစ်ယောက်ထဲပါပဲ ညီမတစ်ယောက်ထဲကပဲ စချစ်ခဲ့ပြီးတော့ ညီမတစ်ယောက်ထဲကပဲ ဆက်ချစ်နေပြီးတော့ ညီမတစ်ယောက်ထဲကပဲ စိတ်ကူးယဉ်ကမ္ဘာထဲသာယာနေခဲ့တာ လူတွေပြောတဲ့အချစ်ရူးဆိုတာ ဒါမျိုးထင်ပါရဲ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"I can give you all you want
The stars and sun, but still I'm not enough"
-မင်းလိုချင်တာမှန်သမျှအကုန်ပေးနိုင်တယ် နေနဲ့ကြယ်တွေ ဆွတ်ခူးပေးရင်တောင် ငါဟာမလုံလောက်သေးပါဘူး
                  *******************

"I want more, but I'm not yours"
-ဒီထက်ပိုလိုချင်တာပေါ့ ဒါမဲ့ကိုယ်ကမင်းအပိုင်မှမဟုတ်တာ
                  *******************

"In the end, just to not be yours"
-နောက်ဆုံးမှာတော့ မင်းအပိုင်မဖြစ်ချင်တော့ရုံပေါ့
                  ********************

အစ်မ (သို့) "မ"Where stories live. Discover now