51

10.6K 416 16
                                    

🎀 Part - 51 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဂျူးဒိတ်ကနီးနေပြီ အစ်ကို Baeမွေးရင်လာခဲ့ဦးမလား"

"အင်း လာခဲ့မယ် မင်း,သားလေးဘယ်လောက် ဟိန်းနိုင်သလဲ နားထောင်ချင်သေးတယ်"

တန်ခိုးကမပြန်သေးခင်မှာ လုံခြုံရေးစနစ်တွေကို လိုက်စစ်နေ၍ ညီအစ်ကိုနှစ်ယောက် အေးအေးလူလူ စကားပြောဖြစ်ကြသည်။
Solar towerတွေနှင့် ရှော့ခ်တိုက်စနစ်တွေကို စစ်ဆေးအပြီးမှာ ဥမင်လိုဏ်ခေါင်းရဲ့ Biometric lockတွေကိုလည်း အသေးစိပ်ပြန်စစ်ဆေး၏။
Biometric lockတွေသည် သူနှင့်နန္ဒတို့ညီအစ်ကို၏ လက်ဖဝါးတစ်ခုလုံးလက်ဗွေရာနှင့် မျက်စိscanတွေသာ ထည့်ထား၍ သူတို့၃ယောက်ကလွဲရင် ဘယ်သူမှ အသုံးမပြုနိုင်။

"Lockတွေက saveဖြစ်ပါတယ် ချစ်ခြင်းပြည့်စုံမသိသေးဘူးထင်တယ်"

"အင်း မသိသေးဘူး"

"ကျွန်တော်အရင်ကတွေ့ဖူးတာ ချစ်ခြင်းပြည့်စုံက အခုပုံစံမဟုတ်ဘူးလားလို့ Baeလိုကလေးဆန်ဆန်လေးနဲ့ပါ အခုမှနည်းနည်းပိုပြီးမိမိုက်နေသလိုပဲ"

"ငါ့ကိုရွဲ့တာလေ tattooလည်းထိုးထားသေးတယ် ငါလည်းမတားတော့ဘူး သူဘယ်လိုနေနေ လှနေတော့ အစွမ်းကုန်အလိုလိုက်ရုံပေါ့"

"လိုက်ပါတယ် အစ်ကို့ပုံစံနဲ့ သူ့အရင်ပုံစံနဲ့သိပ်မလိုက်ဘူး အခုမှပဲ အဟား.."

ရယ်သံသဲ့သဲ့ဖြင့် တန်ခိုးကခေါင်းညိတ်ပြနေ၍ သူရှက်ကိုးရှက်ကန်းဖြစ်သွားမိကာ နှာခေါင်းတစ်ချက်ပွတ်လိုက်ရင်း...

"တော်တော်Hotနေတာလား သူက"

"အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး အရင်ကထက်စာရင် ပိုလှလာတယ် အစ်ကိုနဲ့ပိုလိုက်တဲ့အထိ ခပ်မိုက်မိုက်လေးဖြစ်လာတာပါ ကျွန်တော်နဲ့Baeလိုမျိုးပေါ့"

"အရေးထဲကြော်ညာဝင်နေသေးတယ် မင်းBaeက ငါးရှဥ့်မပါကွာ ဖမ်းရဒီလောက်ခက်တာ.. ငါ့ကလေးလေးကမှ ငါလျှောက်ပြောပြီးခေါ်လာတာကို ယုံပြီးလိုက်လာတာ တစ်ခါတစ်လေတော့လည်း သူ ဖြူတာလေးက အူကြောင်ကြောင်နဲ့"

"အဲ့ဒါကြောင့်ပိုလိုက်တာပေါ့ အစ်ကိုကဉာဏ်ဒီလောက်များတာ နှစ်ယောက်လုံးထက်လွန်းရင် မီးပွင့်ကုန်မှာပေါ့ မဟုတ်ဘူးလား"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now