13

10.7K 470 10
                                    

🎀  Part - 13 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ဒီနေ့လည်းအပြင်ထွက်မှာမို့ ချစ်ခြင်းဘာသာ လမ်းလျှောက်ပြီး ဆည်းဆာတို့နေသောတိုက်ခန်းကို လမ်းလျှောက်လာခဲ့သည်။
စိတ်ကောက်ပြချင်သေးတာမို့ ကိုဇွဲကို တမင်မခေါ်ခဲ့ကာ တိုက်ခန်းကလည်း အိမ်နဲ့သိပ်မဝေး။

အိမ်ယာထဲကိုရောက်တော့ ချစ်ခြင်းညောင်းနေပြီမို့ ဓာတ်လှေကားစောင့်ဖို့စိတ်ကူးကာ ဓာတ်လှေကားနားအထိ လျှောက်လာခဲ့သည်။
ထိုအချိန် ဓာတ်လှေကားနံရံကိုမှီပြီး ရပ်နေသော အချေမင်းသားကြောင့် မျက်လုံးပြူးသွားပြီး အိတ်ကလေးကိုရင်ခွင်ထဲပွေ့ကာ ကွန်ကရိတိုင်နောက်မှာ ပြေးပုန်းနေလိုက်သည်။
နောက်တစ်ခါတွေ့ရင် ချစ်ခြင်းကိုသတ်မယ်ဟု ကြိမ်းဝါးသွားသည်မလား…

"သူက ဘယ်ကိုလာတာပါလိမ့်"

ရှိသေးလားဟုသိချင်သေး၍ ခေါင်းလေးထွက်ကာ ကြည့်မိတော့ ဓာတ်လှေကားနားမှာ ဘယ်သူမှမရှိတော့၍ ဟူးခနဲသက်ပြင်းချလိုက်မိသည်။
သို့သော် ကျောဘက်ဆီမှ ရယ်သံသဲ့သဲ့ကြားလိုက်ရ၍ လှည့်ကြည့်မိတော့မှ အနီးကပ်မြင်လိုက်ရသည့်မျက်နှာကြောင့် လန့်ဖျတ်သွားသည်။

"ချစ်ခြင်းကို မသတ်ပါနဲ့ ရှင့်နောက်ကို လိုက်လာတာမဟုတ်ပါဘူး"

လက်ကလေးကာရင်း အလန့်တကြားထွက်ပြေးဖို့ပြင်တော့ သူက ချစ်ခြင်းလက်ကိုလှမ်းဖမ်းကာ သူ့ဘက်ပြန်ဆွဲယူသည်။
ချစ်ခြင်းကို သတ်တော့မည်ထင်ကာ ကြောက်ရွံ့သွားမိပြီး မျက်ရည်တွေစီးကျလာပေမယ့် အသံလည်းမထွက်ရဲ…

"ဘာလို့ငိုနေတာလဲ Baby"

အပြုံးတစ်ချက်ဖြင့်မေးလာသည်မို့ ဟင်ခနဲဖြစ်သွားမိစဥ် သူက ချစ်ခြင်းဆံပင်တွေကို သပ်တင်ပေးရင်းချစ်ခြင်းမျက်နှာကိုငုံ့ကြည့်သည်။

"မသိဘူးလေ ဟို.. ရှင်က မနေ့ကပဲ"

"အဲ့ဒါကြောင့် မင်းကိုလာရှာတာ ငါလူမှားသွားတယ် Sorry"

"Aww!!"

"မင်း ငါနဲ့တွဲမလား"

ချစ်ခြင်း နှုတ်ခမ်းလေးပွင့်ဟသွားပြီး သူ ဘာတွေပြောနေသလဲဆိုသည့်အတွေးဖြင့် ချက်ချင်းပြန်မပြောနိုင်။
စူးရဲသောမျက်လုံးတွေက ချစ်ခြင်းမျက်နှာလေးထက်မှာ စူးနင့်နေပြီး သူမဘာပြန်ပြောလာမလဲဟု စောင့်နေသောကြောင့် ရင်တွေခုန်လာမိသည်။
တွေ့တာလည်း ၃ခါပဲရှိသေးသည့်အပြင် မနေ့ကပဲ သတ်မယ်၊ ဖြတ်မယ်နှင့် ကြိမ်းဝါးနေခဲ့သူက ဘာတွေများစိတ်ကူးပေါက်သွားတာပါလိမ့်…

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now