🎀 Part - 19 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫"ကိုကို"
သူ့မျက်နှာပြုံးသွားပြီး လည်ပင်းကိုအုပ်ကိုင်ထားသည့်လက်ကို ရုတ်ဖယ်သွားကာ ချစ်ခြင်းအနားမှာ ထိုင်သည်။
သူ့အိမ်သူ့ယာအတိုင်း သက်သောင့်သက်သာထိုင်ကာချစ်ခြင်းကိုပဲကြည့်နေ၍ နေရခက်လာပြီး လည်ပင်းလေးကိုပွတ်လိုက်၊ ဂါဝန်စလေးဆွဲဆုပ်မိလိုက်။"ငါ မင်းဆီဖုန်းဆက်သေးတယ်"
ချစ်ခြင်း မကြားချင်ဟန်ဆောင်နေလိုက်ကာ ထိုအချိန်ကမျှော်ခဲ့မိတာကို သတိပြန်ရပြီး စိတ်ထဲဝမ်းနည်းသွားမိသည်။
ကိုယ့်မှာတော့ ဘယ်သွားသွား ဒီဖုန်းကိုယူသွားရပြီး သူကတော့ တစ်ချက်လေးမှမခေါ်ခဲ့ပါဘဲ…"ပြောရရင် အိမ်မှာနည်းနည်းအလုပ်များသွားတယ် အဲ့ဒါကြောင့် မင်းကိုမေ့သွားတာပါ ငါ့ညီတွေအန္တရာယ်ကင်းဖို့ လိုတယ်လေ"
သူလည်း ကိုဇွဲလို၊ ကိုယ့်ထက်အငယ်ကို စောင့်ရှောက်နေရသူလား...
သူ့အကြောင်းကို ချစ်ခြင်းစိတ်ဝင်စားသွားပြီး သူ့ကိုပြန်ကြည့်မိတော့ အကြည့်ချင်းဆုံသွား၍ ကမန်းကတန်းမျက်နှာလွှဲပစ်လိုက်သည်။
သို့သော် ချစ်ခြင်းရဲ့အာရုံထဲ သူ့မျက်နှာက တံဆိပ်ကပ်ထားသလို စွဲထင်နေခဲ့သည်။ပခုံးပေါ်အထိရှည်ပြီး မျက်နှာပေါ်မှာလည်း ကပိုကရိုကျနေသည့်ဆံပင်တွေ၊
ဘယ်အချိန်ဖြစ်ဖြစ် စူးရှနေတတ်သော မျက်လုံးတွေ၊
ပိရိသေသပ်သော နှုတ်ခမ်းပါးတွေ..
သွေးကြောစိမ်းတွေမြင်နေရသော သူ့လက်တွေ.."လက်ကဘာဖြစ်တာလဲဟင်"
"သွေးပူလေ့ကျင့်ခန်းလုပ်တုန်းက ခိုက်မိထားတာပါ မင်းကျောင်းသွားတက်တာဆို ဘာလို့ပြန်လာတာလဲ"
"အဆင်မပြေတာတစ်ခုရှိသွားလို့ပါ"
သူက တစ်ခုခုကိုသတိရသွားသလိုပြုံးကာ ဆံပင်တွေဆွဲဖွရင်းရယ်တော့ ဘေးတိုက်မြင်နေရသည့်အနေအထားမှာ ချစ်ခြင်း တကယ်ပဲကြွေဆင်းမိ၏။
ဂျစ်ကန်ကန်၊ မာကျောကျောဖြစ်ပေမယ့် သူက တကယ်ချောတာပဲ…"ဘာကြောင့်ပဲဖြစ်နေနေ မင်းငါ့ဆီပြန်ရောက်လာပြီပဲ ကျေနပ်တယ် ထကွာ.. အပြင်သွားရအောင်"
YOU ARE READING
ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)
Romanceငါချစ်ရင် ငါနဲ့ပဲညားမှာမို့ မင်းသတိနဲ့သာနေ Baby မင်းက ငါအမြစ်တွယ်မိတဲ့ တစ်ခုတည်းသောချစ်ခြင်းတရားပဲ ဒါကြောင့်မို့ ငါ့ရင်ခွင်ကို ခြေစုံကန်ဖို့မစဥ်းစားနဲ့ မဟုတ်ရင် မင်းကိုငါသတ်မိလိမ့်မယ် Start Date - 13 Jan 2023 End Date - 19 March 2023