6

10.1K 404 14
                                    

🎀  Part - 6 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ကျောပိုးအိတ်တစ်လုံးဖြင့် ကားပေါ်ကဆင်းလာသောတန်ခိုးကိုမြင်လိုက်တော့မှ စိတ်ချသွားပြီး သက်ပြင်းချကာ ကားနားအထိရောက်လာချိန်ကို စောင့်နေလိုက်သည်။
မတွေ့ရသည့် 7နှစ်မှာ အရွယ်ရောက်လာပြီဖြစ်သော ဘုန်းတန်ခိုးဆိုသည့် ထိုညီလေးဟာ သူငယ်ငယ်ကအတိုင်း မာကျောကျောအေးတိအေးစက်ပုံမျိုး..
ကားအနားရောက်လာမှ မှန်ကိုချလိုက်တော့ တန်ခိုးက သူ့ကိုလှမ်းတွေ့သွားပြီး ပြန်လာခေါ်သည်ဟု ထင်သွားသလားမသိဘဲ ခြေစုံရပ်သွားသည်။

"ဒီကိုလာ"

"အဖေကလွှတ်လိုက်တာလား"

"မဟုတ်ဘူး ငါ့ဘာသာလာတာ.. လာစမ်းပါကွာ"

စိတ်မရှည်တော့၍ လေသံခပ်ဆတ်ဆတ်ဖြစ်လာတော့မှ တန်ခိုးက ကားပေါ်ရောက်လာပြီး သူ့ကိုပေစောင်းစောင်းကြည့်နေ၏။
သူကတော့ ဘာမှထပ်မပြောဘဲ သီဟကိုမေးဆတ်ပြလိုက်၍ သီဟက ကားကိုမောင်းထွက်ခဲ့ရာ မြို့ထဲကိုပြန်ရောက်လာ၏။

"အခုဘာလုပ်မယ်စိတ်ကူးထားတာလဲ"

"ကျွန်တော်အလုပ်လုပ်ရင်း ကျောင်းတက်မယ်"

"မင်းရဲ့TUကျောင်းက ကျောင်းစားရိတ်ဘယ်လောက်ရှိလဲ သိလား ပြီးတော့ ဘာပညာအရည်အချင်းမှမရှိသေးဘဲ မင်းဘာအလုပ်လုပ်မှာလဲ"

"အဲ့လောက်ထိထည့်တွက်မထားဘူး အစ်ကို ကျွန်တော်ကယောကျာ်းလေးပဲ ဘဝပျက်မသွားဘူး"

ဒီစိတ်ကလည်း သူ့ကိုလာတူနေ၍ ဟွန့်ခနဲပြုံးမိကာ စာအိတ်တစ်အိတ်နှင့်သော့တွေကို တန်ခိုးဆီလှမ်းပေးလိုက်၏။
ဒါကို မာနမင်းသားက မယူသေးဘဲ ခပ်စူးစူးကြည့်နေ၍ လက်ထဲအတင်းထိုးထည့်ပေးလိုက်ကာ…

"မင်းနေဖို့ ကွန်ဒိုတစ်ခန်းနဲ့ ကားတစ်စီးပေးတာ"

"ရတယ်အစ်ကို ကျွန်တော်က"

"အလုပ်လုပ်မှာ အေး.. ငါသိတယ် မင်းကားတွေစိတ်ဝင်စားတယ်မလား သီဟ Medium Automartကိုမောင်း အဲ့ဒီမှာမင်းအတွက် အလုပ်ရှိတယ်"

"မက္ကင်းနစ်လုပ်ခိုင်းမလို့လား"

"အေး.. ဆိုပါတော့ အဲ့ဒါငါ့မိတ်ဆွေရဲ့ဆိုင်ပဲ မင်းကိုပညာသင်ပေးလိမ့်မယ် ကွန်ဒိုနဲ့ကားကိုမသုံးချင်သေးလည်း ယူထားလိုက် တစ်ခုခုလိုတာရှိလာရင် ငါ့ဆီဖုန်းဆက်"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now