43

9.8K 444 31
                                    

🎀  Part - 43 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ပြန်ရောက်လာကတည်းက တစ်ခန်းလုံးတိတ်ဆိတ်နေသည့်အပြင် Babyသည် ဆိုဖာပေါ်မှာခွေခွေလေးအိပ်နေကာ ဆက်ထားလက်စJigsawတွေကလည်း စားပွဲပေါ်မှာ။
နေ့လည်စာမစားဘူးဆိုသည့် သတင်းကြောင့် လုပ်လက်စတွေပစ်ထားခဲ့ကာ ဖျားနေပြန်ပြီလားဆိုသည့်စိတ်က ထပ်ဝင်လာပြန်သည်။
သူမလေးတစ်ခုခုဖြစ်ရင် သူ့မှာနေမရ၊ ထိုင်မရ…

"Baby ဘာလို့ဒီမှာအိပ်နေတာလဲ"

နဖူးလေးကိုစမ်းရင်းမေးလိုက်တော့ Babyမျက်လုံးလေးတွေပွင့်လာကာ သူ့မျက်နှာကို စူးစိုက်စွာငေးကြည့်နေခဲ့သည်။
ထိုအကြည့်တွေဟာ ဝမ်းနည်းနေသလိုခံစားမိတာမို့ စိုးရိမ်သွားမိကာ Babyပါးလေးကို ဖွဖွလေးပွတ်သပ်လိုက်မိသည်။

"နေမကောင်းဘူးလား Baby ဘာဖြစ်လို့လဲ"

"ကိုကိုရက်စက်တယ်"

"ဘာ!!"

Babyသည် သူ့လက်ကိုဖယ်ချပစ်ပြီး ထထိုင်ကာ မပြီးသေးသောJigsawတွေဆီ အကြည့်ရောက်သွားကာ မျက်နှာလေးလွှဲသည်။
လက်ကလေးကိုဖိဆုပ်တော့လည်း ရုန်းပစ်ကာ သူ့အနားက ထသွားပြီး ဝရံတာဘက်ကိုလျှောက်သွားနေ၏။

"Baby ဘာဖြစ်လို့လဲ ဘာကိုရက်စက်တာလဲ"

သူမရဲ့အေးစက်မှုကို မခံစားနိုင်သည့်အဆုံး လက်တစ်ဖက်ကိုဆွဲယူကာ ပါလာသောကိုယ်လေးကို ခပ်တင်းတင်းဖက်ထားလိုက်သည်။
အရင်ကလိုမဟုတ်သော သူမသည် သူ့ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးတွေဖြင့် ထုကာ တအိအိငိုနေ၍ စိုးထိတ်နေမှုက ပိုပြီးဒီဂရီမြင့်သွား၏။

"ချစ်ခြင်းကိုမလိုအပ်တော့ရင် ကိုဇွဲပြန်ပို့ပေးမယ်ဆို အခုပြန်ပို့ပေး.. ကိုကိုနဲ့မနေချင်တော့ဘူး"

"အဲ့ဒီအခြေအမြစ်မရှိတဲ့စကားက ဘယ်သူ့ဆီကထွက်လာတာလဲ"

ပြောခဲ့တာမှန်ပေမယ့် စိတ်ထဲကပါလို့မဟုတ်ဘဲ ဇွဲကပင်ကို မခံမရပ်နိုင်စေလိုခြင်းသက်သက်သာ။
ပြီးတော့ ဒီစကားကိုပြောခဲ့ချိန်က သူအပါအဝင် ဇွဲကပင်နှင့် သီဟသာရှိပြီး သူစေလိုရာစေ၍ရသော သီဟကတော့ စကားအစွန်းအစတောင် ထွက်လာမှာမဟုတ်။
ဒါဆို…

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now