4

11.6K 405 7
                                    

🎀  Part - 4 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Boxingထိုးနေတုန်း အားကစားခန်းမထဲဝင်လာသည့် သီဟနှင့်နန္ဒကိုတွေ့လိုက်တော့ သူ ခဏရပ်လိုက်ကာ လှည့်ကြည့်လိုက်သည်။
ထိုနှစ်ယောက်က သေနတ်ကိုယ်စီကိုင်ပြီး Boxingစင်အောက် ရောက်လာကြကာ…

"အားလုံးရှင်းခဲ့ပါပြီ သခင်လေး"

ဆိုတော့ သူ တစ်ချက်ပြုံးလိုက်ပြီး လက်အိတ်တွေချွတ်လိုက်သည်။
စင်ပေါ်ကနေ laptopကိုလှမ်းယူလိုက်ပြီး CCTVတွေကိုစစ်ဆေးတော့ သူသတ်ခိုင်းခဲ့သူတွေဟာ တကယ်ပဲသေဆုံးနေပြီဖြစ်ကာ ထိုနေရာမှာတော့ တခြားအဖွဲ့ဝင်တွေရောက်နေကြသည်။

"မင်းတို့ရှင်းခဲ့တာ ၃ယောက်တည်းပါလား နောက်ထပ်နှစ်ယောက်ကျန်ခဲ့တယ်"

"သူတို့က အရွယ်မရောက်သေးတဲ့ကလေးတွေနဲ့မို့ပါ"

"အဲ့လိုချွင်းချက်ထားလို့ရလား အဟွန်း.. ဦးလေး ငါတို့ကိုသတ်ဖို့ လူလွှတ်လိုက်တုန်းက ငါ့ညီလေး၁၀နှစ်ပဲရှိသေးတယ်"

သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူ့ကိုမဝံ့မရဲပြန်ကြည့်လာကြ၍ laptopကို ဘတ်ခနဲပိတ်ပစ်ကာ ဆံပင်တွေကိုခါပစ်လိုက်သည်။
သူသည်လည်း အရွယ်မရောက်သေးသည့် ကလေးတွေကို ငဲ့ညှာချင်သေးကာ သူ့အပေါ်သစ္စာစောင့်သိလာဖို့ အကြမ်းနည်းသုံးလို့မရရင် တစ်ဖက်လှည့်အကွက်၍ ရသည်ပဲ။

"အဲ့ဒီကလေးတွေကို ခေါ်ခဲ့ ကျောင်းထားပေးလိုက်"

"ဗျာ!!"

"အဲ့ဒီကလေး အရွယ်မရောက်မချင်း ပညာသင်စားရိတ်ကို ငါတာဝန်ယူမယ်"

"ဒါပေမယ့် သခင်လေး ဒီနယ်မြေက"

ဦးမိုးသူဝင်ပါလာပြီမို့ သူဂရုမစိုက်သလိုခေါင်းခါပြလိုက်ပြီး Boxingလက်အိတ်ကို ပြန်ဝတ်ကာ…

"ကျွန်တော်သိတယ် ဦးမိုးသူ ဒါပေမယ့်ကလေးတစ်ယောက်ကိုတော့ ငဲ့ညှာသင့်တယ် ဟိုညတုန်းက တန်ခိုးကြောက်နေတဲ့ပုံစံက ကျွန်တော့်မျက်လုံးထဲကမထွက်ဘူး ကျွန်တော့်ကြောင့် ဘယ်ကလေးမှ အဲ့လိုကြောက်နေတဲ့မျက်နှာမျိုး မဖြစ်ချင်ဘူး"

"ဒါဆိုသခင်လေး သဘောပါ"

"အေး တစ်ခုတော့ရှိတယ် အဲ့လိုညှိလို့မှလက်မခံရင် အသံမထွက်အောင်ရှင်းပစ်လိုက်.. ကလေးကိုဒီခေါ်ခဲ့"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now