Chapter 10

299 24 2
                                    

(UNICODE)

ကျွန်မ ရန်ကုန်ပြန်ရောက်ပြီး ၂ လကျော်အချိန်အတွင်း ကျောင်းတက်ဖို့ ကိစ္စ၊ ပြည်ပထွက်ရန် လိုအပ်သည့် စာရွက်စာတန်းများကို ပြင်ဆင်ရသည့် ကိစ္စများနှင့် မအားလပ်ပဲရှိနေသည်။

မေမေကတော့ အရင်ကတည်းက အလုပ်များသည့်သူမို့ လိုအပ်သည့်ငွေ ထုတ်ပေးရုံကလွဲ၍ ကျွန်မကိစ္စတွေကို ကူမလုပ်ပေးနိုင်ပေ။ ကျွန်မကိုယ် ကျွန်မသာ အားကိုးရသည်။ သို့သော် မိဆုရှိသဖြင့် အဖော်ရသည်။

"လေပြေ၊ အန်တီ အိမ်မှာမရှိဘူးလား"

"မရှိဘူးလေ၊ ခရီးသွားတယ်"

"ဟယ် ထပ်သွားပြန်ပြီလား၊ ဟိုနေ့ကမှ ဘန်ကောက်က ပြန်ရောက်တာဆို"

"အေး ဟုတ်တယ်"

"ဒီတစ်ခါ ဘယ်ကိုသွားတာလဲ"

"မသိဘူးလေ၊ သိပ်စပ်စုတာပဲ မိဆုရယ်၊ နင်လေ ငါ့အမေကိုများ ကြိုက်နေလားဟင်"

"ဟဲ့ ပေါက်ကရတွေပြောမနေနဲ့၊ ငါက အန်တီ့ကို မတွေ့လို့ ဒီတိုင်းမေးကြည့်တာကို၊ ငါ့ကို နင့်လိုများ ထင်နေတာလား"

မိဆုက နှုတ်ခမ်းဆူလျက် ခပ်စွာစွာပြောသည်။

"ဟင် ... ဘာဖြစ်တယ် ဘာဖြစ်တယ် ပြန်ပြောလိုက်ပါဦး"

"ငါ့ကို နင့်လိုများ ထင်နေတာလားလို့"

"ငါက ဘာဖြစ်နေလို့လဲ ပြောပါဦး"

"အမလေး လေပြေရယ် နင်နဲ့ငါနဲ့ ပေါင်းလာတာပဲ ဟိုးငယ်ငယ်လေးကတည်းက နင့်အကြောင်းကို မသိရင် ခက်ဦးမယ်"

"အခု ငါ့အကြောင်းကို ဘာသိတာလဲ ပြောပါဦး"

"နင် အန်တီတစ်ယောက်ကို ကြိုက်နေတာ မဟုတ်လား"

မိဆု ကျွန်မရဲ့ Camera ထဲက ပုံတွေကို မွှေပြီးပြီဆိုတာကို ကျွန်မသိလိုက်ပြီ။

"ငါလည်း နင့်အကြောင်း မသိရင်ခက်မယ် မိဆု"

"သိရင် ပြီးတာပဲ‌လေ၊ ငါ နင့် Camera ထဲက ပုံတွေ အကုန်ယူကြည့်ပြီးပြီ၊ အထူးအဆန်းမှ မဟုတ်တာ သူငယ်ချင်းရယ်၊ အရင်လည်း နင်မပြရင် ငါယူကြည့်နေကျပဲဟာ၊ ဒါပေမယ့် ထူးဆန်းတာ တစ်ခုက ဓာတ်ပုံတွေပဲ"

When We Meet Again Where stories live. Discover now