Chapter 8

284 25 2
                                    

(UNICODE)

ညနေစောင်းအချိန်တွင် ခြံထဲ၌ BBQ လုပ်စားရန် ပြင်ဆင်ကြသည်။

"အာ ... တစ်ခုဝယ်ဖို့ မေ့သွားတယ်ကွာ"

"ဘာမေ့လို့လဲ လေပြေရဲ့၊ တို့တွေ စာရင်းလုပ်ထားတဲ့အတိုင်း အားလုံးစုံသားပဲ"

"ဟုတ်တော့ ဟုတ်ပေမယ့် အဓိက မပါမဖြစ် တစ်ခုကျန်နေတာ ‌ဒေါက်တာရဲ့"

"ဘာကျန်လို့လဲ"

"သောက်ဖို့လေ"

"အချိုရည်တွေ ဝယ်လာသားပဲ"

"အဲ့ဒါမဟုတ်ဘူးလေ ဒေါက်တာရဲ့၊ လေပြေပြောတာက နည်းနည်းပါးပါး သောက်ဖို့ ဘာညာ"

"ဟွန့် ... မင်း ဘာကိုဆိုလိုတယ်ဆိုတာ တို့ သိသားပဲ၊ တမင်တကာ မသိချင်ယောင်ဆောင်နေတာ"

"ဒေါက်တာနော်"

ကျွန်မ နှုတ်ခမ်းတွေကို ဆူပစ်လိုက်သည်။

"သောက်ရအောင် မင်းက အသက်ပြည့်ပြီမို့လို့လား ဒေါ်လေပြေ"

"လေပြေ့အသက် ၂၃ နှစ်ပြည့်ပြီးပါပြီနော်၊ ဒေါက်တာက လေပြေ့ကို ကလေးလို့ထင်နေတာလား၊ မယုံရင် သက်သေပြရမလား"

"အမလေး ရပါပြီ၊ ယုံပါတယ် ယုံပါတယ်၊ မင်း ဒါတွေပြောလာမှာကြိုသိလို့ တို့ Soju ဝယ်ထားပါတယ်နော်"

"အာ ... ဟုတ်လား၊ ဒေါက်တာက သိပ်ချစ်ဖို့ကောင်းတာပဲ ဟိဟိ"

"သွားပါ အပိုတွေ၊ ကဲ စကားမများနဲ့တော့ အသားတွေကင်ရအောင်"

"ဟုတ် ဒေါက်တာ"

ကျွန်မတို့နှစ်ယောက် အသားကင်စားရင်း Soju သောက်ကြသည်မှာ တစ်ယောက်ကို ၂ ပုလင်းနီးပါး ကုန်နေပြီဖြစ်သည်။ ဒေါက်တာကတော့ ဘာမှ မဖြစ်သလိုပင် တည်တည်ငြိမ်ငြိမ်ရှိလှပြီး ကျွန်မအတွက် အသားများကို အဆက်မပြတ် ကင်ပေးနေသည်။

ကျွန်မကတော့ မျက်ခွံတွေ အနည်းငယ်လေးလာသည်ကို ခံစားမိသည်။ ဒေါက်တာက ပူပူနွေးနွေးကင်ထားသည့် အသားကို ကျွန်မပန်းကန်ထဲသို့ ထည့်ပေးသည်။ အသားကို အချဉ်ရည်နှင့် တို့လိုက်ပြီးနောက် အငယ်နည်းကြီးနေသဖြင့် ကျွန်မ ဇွန်းနှင့်ဖဲ့လိုက်ရမှ အသားသည် ပန်းကန်ထဲမှ ချော်ထွက်က အချဉ်ရည်များလည်း ကျွန်မလက်တွင် ပေကုန်သည်။

When We Meet Again Donde viven las historias. Descúbrelo ahora