Chapter 5

310 23 2
                                    

(UNICODE)

က‌လောမှ တောင်ကြီးသို့ ပြန်လာခဲ့ရာ မှောင်ရီပျိုးစအချိန်တွင် ဟဲဟိုးမြို့သို့ရောက်သည်။

ဟဲဟိုးတွင် ညနေစာစားပြီးနောက် သစ်သီးဆိုင်တန်းဘက်သို့ လျှောက်လာခဲ့သည်။

"စတော်ဘယ်ရီတွေ သိပ်လှတာပဲ၊ တစ်ခြင်းအပြည့်ဝယ်သွားပြီး အိမ်ရောက်ရင် တစ်ဝကြီး ဖျော်သောက်ရမယ်"

ဒေါက်တာက စတော်ဘယ်ရီသီးလေးတွေကို စိတ်ရှည်လက်ရှည် ရွေးနေသည်။ နီနီရဲရဲ စတော်ဘယ်ရီသီးလေးတွေက ချစ်စရာကောင်းပေမယ့် ဒေါက်တာ့အလှနှင့် ယှဉ်ရင်တော့ မှေးမှိန်သွားရတာပါပဲ။

စတော်ဘယ်ရီသီးလေးတွေကြားက ဒေါက်တာ့ပုံရိပ်လေးတွေကို ကျွန်မ အမိအရဖမ်းယူလိုက်သည်။

"ဟိတ် ... ဓာတ်ပုံရိုက်တာ တော်တော့ကွာ၊ ဒီမှာ စတော်ဘယ်ရီ လာကူရွေးပေးဦး"

"ဟီး ... ဟုတ်"

"ဒီလို အလုံးလှပြီး နီတာလေးတွေ ရွေးနော်"

ဒေါက်တာက ကျွန်မကို သင်ပေးသည်။

"ဒီလိုလေးတွေလား ဒေါက်တာ"

"အင်း ဟုတ်တယ် ဟုတ်တယ် တော်တယ်"

ကျွန်မတို့ တစ်ခြင်းအပြည့်ရွေးလိုက်ကြသည်။

"စတော်ဘယ်ရီတွေကို စတော်ဘယ်ရီခင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ ခူးရရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်"

ဒေါက်တာက စကားတစ်ခွန်းအဖြစ်သာ ပြောလိုက်ပေမယ့် ကျွန်မကတော့ အတွေးလွန်ကာ စတော်ဘယ်ရီခင်းထဲကို ဒေါက်တာနှင့်အတူ ရောက်နေလေပြီ။

"ဟိတ် ...ခြင်းက ပြည့်နေပြီ ထပ်မရွေးနဲ့တော့လေ၊ တော်ကြာ ဆိုင်ရှင်က ရိုက်‌ထုတ်နေဦးမယ်"

ကိုယ့်အတွေးနဲ့ကိုယ် မျောနေသည်မို့ ဒေါက်တာ့အသံကြားမှ သတိကပ်မိသည်။

"တို့က မင်းနဲ့အတူ ဖျော်သောက်ရအောင်ဆိုပြီး စတော်ဘယ်ရီတွေသာ ဝယ်နေတာ၊ ပြီးမှ မင်းကို ဟိုတယ်ပြန်ပို့ပေးရမှာ သတိရတယ်၊ ဒီလိုလုပ်ပါလား မင်း ဒီည တို့ အိမ်မှာ လိုက်အိပ်မလားဟင်"

"ရှင်"

မထင်မှတ်ထားသည်မို့ ကျွန်မ အံ့ဩရပြန်သည်။

When We Meet Again Where stories live. Discover now