Extra

587 80 24
                                    

System Annoucement –

ဆော့မက်သရူး ၏ စည်းကမ်းဖျောက်ဖျက်မှုများ

စည်းကမ်းဖောက်ဖျက်မှု (၁) –

ဂင်ဂယူဗင်း အား ကယ်ဆယ်ပြီး ရှင်သန်ခွင့်ပေးခြင်း။

ဂင်ဂယူဗင်း အသက်ရှင်ကျန်နေသည့်အတွက် အမည်မသိ ဇာတ်ကောင်အသစ် ထွက်ပေါ်လာပြီး Side stroy ဖြစ်ပေါ်လာနိုင်ချေ ၈၈ ရာခိုင်နှုန်း။

သို့သော် ပထမဆုံး အမှားဖြစ်သည့်အတွက် အပြစ်ဒဏ်မှ ကင်းလွတ်ပေးခဲ့သည်။

စည်းကမ်းဖောက်ဖျက်မှု (၂) –

အဓိကဇာတ်လိုက် ၏ Healing partner နေရာ သို့ မှားယွင်း ဝင်ရောက်မိခြင်း...။

သို့သော် အဓိက ဇာတ်လိုက်၏ အစွဲလမ်းလွန်ကဲခြင်းဟု မှတ်ယူပြီး လျစ်လျူရှုပေးခဲ့ခြင်း..။

စည်းကမ်းဖောက်ဖျက်မှု (၃) –

Original Version နှင့် Remake Version နှစ်ခု စလုံးတွင် အသက်ရှင်သန်ခွင့် ပေးလို့မဖြစ်သည့် ဇာတ်ကောင်အား ကယ်တင်ခဲ့သည်။

ထိုကယ်ဆယ်မှုသည် အကြီးမားဆုံးသော အမှားဖြစ်သည့်အတွက် Original Version ပြန်လည်ကြီးစိုးမှုကို ခံရပြီး အဓိကဇာတ်လိုက် ပြောင်းလဲသွားခြင်း။( ဇာတ်လမ်းက ဆောင်းဟန်ဘင်း အပေါ် မူတည်ပြီး ရှေ့ဆက်မှာ မဟုတ်တော့ ဘူးလို့ ဆိုလိုခြင်းဖြစ်သည်။)

ပြစ်ဒဏ် -

ဆောင်းဝူဟျွန်း လုပ်ပိုင်ခွင့်များအား ရုတ်သိမ်းခြင်း။(တစ်နည်း- ဖျောက်ဖျက်ပစ်ခြင်း..)

System Error

ဆော့မက်သရူး အမည်ခံသာ ဖျောက်ဖျက်ခံလိုက်ရပြီး.. ဆောင်းဝူဟျွန်း အသက်ရှင်ကျန်ရစ်အောင် တစ်စုံတစ်ဦးမှ ကယ်ဆယ်လိုက်ခြင်း။

+++++++++++++ System temporary closed.

ဇွန်လ ၅ ရက်နေ့ ၂၀၂၃ ခုနှစ် - လက်ရှိအချိန်

ဆေးသိပ္ပံဌာန ကန့်သတ်ကိုမာလူနာ ဆေးရုံ

ICU ထဲတွင် နှလုံးရပ်သွားသည့် လူနာကြောင့် ဆရာဝန်တွေ လှုပ်လှုပ်ရှားရှားဖြစ်နေသည်...။

From The Other SideWhere stories live. Discover now